ဆလာနီတာနာ - ဖီအိုရင်တီးနား (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
ဖီအိုရင်တီးနားရဲ့ လက်ရှိခြေစွမ်းက အားရစရာဖြစ်ပြီး ယူ ရိုပါလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်းကို အားထည့်ကစားနေတယ်။ ဆလာနီတာနာကတော့ တန်းမဆင်းဖို့ ရုန်းကန်နေရတဲ့ အသင်း ပါ။ ဂိုးအများနဲ့ ဖီအိုရင်တီးနားကို ကြိုက်တယ်။
ဘိုလော့ဂ်နာ - အူဒီးနီးစ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဒီနှစ်သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၄)ပွဲဆက် သ ရေပွဲတွေ ဖြစ်ခဲ့တယ်။ ဘိုလော့ဂ်နာက အိမ်ကွင်းနောက်ပိုင်းပွဲ တွေမှာ ခံစစ်ကစားပုံပိုကောင်းလာတာလည်း တွေ့ရတယ်။ ဂိုး အနည်းနဲ့ သရေပွဲလို့ ထင်မိတယ်။
အမ်ပိုလီ - နာပိုလီ (တနင်္ဂနွေည ရး၃၀ နာရီ)
မီလန်နှစ်သင်းပွဲကျပ်နေချိန်မှာ နာပိုလီအတွက် မဖြစ်မ နေ အနိုင်ကစားထားရမယ့် ပွဲပါပဲ။ နာပိုလီက နောက်ဆုံး (၂)ပွဲ ဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ရင်ဆိုင်ခဲ့ရ တာကြောင့် ဖြစ်တယ်။ အမ်ပိုလီကတော့ လုံးဝပျက်ယွင်းနေတဲ့ အသင်းပါ။ တန်းဆင်းဖိအားမရှိသလို၊ အသင်းတိုင်းကို ရမှတ် တွေ ပေးနေတယ်လို့တောင် ဆိုရမယ်။ ပထမအကျော့ ရှုံးကြွေး ဆပ်မယ့် နာပိုလီ အနိုင်သေချာတယ်။
ဂျီနိုအာ - ကာဂလီယာရီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)
ဂျီနိုအာအတွက် သေရေးရှင်ရေးပွဲဖြစ်ပြီး တန်းဆင်းဇုန်က လွတ်ဖို့ဆိုရင် ဒီလိုပွဲမျိုးမှာ (၃)မှတ်ရယူနိုင်ဖို့ အရေးကြီးပါတယ်။ ကာဂလီယာရီရဲ့ လက်ရှိခြေကလည်း အထင်ကြီးစရာသိပ်မရှိပါ ဘူး။ ဂျီနိုအာ အနိုင်ကစားသွားလိမ့်မယ်။
လာဇီယို - အေစီမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)
နှစ်သင်းစလုံး ရည်မှန်းချက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ရမှာဖြစ်ပြီး စီးရီးအေနောက်ဆုံး (၃)ပွဲမှာ (၂)ပွဲအထိ သွင်းဂိုးမဲ့ နိုင်ပွဲပျောက်ခဲ့တဲ့ အေစီမီလန်ရဲ့ တိုက်စစ်ကိုတော့ မေးခွန်း ထုတ်ရမှာပါ။ လာဇီယိုက တိုက်စစ်မှူး အီမိုဘီလီအကောင်းပုံစံပြနေပြီး ပြီးခဲ့တဲ့ တိုရီနိုနဲ့ပွဲ မှာလည်း ဂိုးကံခေလွန်းလို့သာ နိုင်ပွဲပျောက်ခဲ့တာဖြစ်တယ်။ အေစီမီလန်က ရမှတ်လိုအပ် ချက် ပိုမိုကြီးမားပေမဲ့ ရောမမြေမှာတော့ လာဇီယိုကိုပဲ ရွေးချယ်ချင်ပါတယ်။
■ စပိန်လာလီဂါပွဲစဉ်
ဘာစီလိုနာ - ဗယ်လက်ကာနို (တနင်္လာနံနက် ၁း၃၀ နာရီ)
ယူရိုပါလိဂ်နဲ့ လာလီဂါ (၂)ပွဲဆက်အရှုံးပေါ်ခဲ့တဲ့ ဘာစီလိုနာအတွက်တော့ လာလီဂါအဆင့် (၂)နေရာကိုပဲ ဆီဗီလာ၊ အက်သလက်တီကိုအသင်းတွေနဲ့ အပြိုင်လုရတော့မယ့် အခြေအနေမျိုးဖြစ်သွားခဲ့ပါပြီ။ တစ်ချိန်လုံးနည်းပြဇာဗီနဲ့ တောက် လျှောက်တင်ကစားလာတဲ့ ဘာစီလိုနာတို့ နောက်ဆုံးအိမ်ကွင်း (၂)ပွဲဆက်အရှုံးကြောင့် အရှိန်တန့်သလိုတော့ဖြစ်သွားတယ်။ အသင်းကစားပုံကမဆိုးလှပေမဲ့ တစ်ချိန်လုံးဂိုးတွေရအောင်ကစားပြနိုင်တဲ့ တိုက်စစ်ပိုင်းကလည်း ရီးယဲလ်မက်ဒရစ်နဲ့ပွဲနောက် ပိုင်းဂိုးရရေး ပိုမိုရုန်းကန်လာရသလိုတွေ့နေရတယ်။ ဗယ်လက်ကာနိုကတော့ ၂၀၂၂ ထဲအရောက်မှာ ကစားပုံသိသိသာသာ ကျဆင်းသွားတယ်။ အထူးသဖြင့် တိုက်စစ်ကစားပုံက ပြီးခဲ့တဲ့ ရာသီအစောပိုင်းကာလကလောက် ထက်မြက်မှုမရှိတော့ပါဘူး။ ပထမအကျော့မှာ ရှုံးနိမ့်ထားတဲ့ ဘာစီလိုနာတော့ အခုနူးကမ့်မှာတော့ သေချာပေါက်နိုင်ပွဲပြန်ယူပါလိမ့်မယ်။ ဂိုးများမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
