Top News

ပြင်သစ်လီဂူးပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
24htopnews | November 29, 2024 6:12 PM CST

ရန်းစ် - လော်ရီယန့် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

ဒီပွဲကလည်း ရန်းစ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲနဲ့ လော်ရီ ယန့်ရဲ့ တန်းဆင်းဇုန်လွတ်မြောက်ရေး ကြိုးပမ်းမှုထိပ်တိုက်တွေ့ ဆုံတာပါပဲ။ အိမ်ရှင်လည်းဖြစ်နေတဲ့ ရန်းစ်ကိုပဲရွေးထားမယ်။

ကလယ်မွန့် - အန်ဂါစ် (တနင်္ဂနွေည ရး၃၀ နာရီ)

တန်းဆင်းဇုန်ကလွတ်ဖို့ ကလယ်မွန့်တို့ ရုန်းကန်နေပေမဲ့ ရလဒ်ဆိုးတွေနဲ့ ခရီးမရောက်ဖူးဖြစ်နေတယ်။ အန်ဂါစ်ကလည်း တန်းဆင်းအန္တရာယ်ရှိနေသေးတဲ့အသင်းပါ။ သရေကျဖို့များတယ်။

မက်ဇ် - ဘရက်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဇယားအောက်ဆုံးက မက်ဇ်တို့ အခွင့်အရေးနည်းသွားပြီ ဆိုပေမဲ့ အိမ်ကွင်းမှာတော့ အနိမ့်ဆုံးသရေကစားဦးမှာပါ။

နန့်စ် - ဘော်ဒိုး (တနင်္ဂနွေည ရး၃၀ နာရီ)

နန့်စ်က ဥရောပဝင်ခွင့်မျှော်လင့်ချက် ခပ်ပါးပါးရှိနေပါသေး တယ်။ ဘော်ဒိုးကလည်း တန်းဆင်းဇုန်ကရုန်းထွက်ဖို့ ကြိုးစားလာ  ဦးမှာပါ။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ရှင်နန့်စ်ကိုပဲ ဦးစားပေးချင်တယ်။

နိုက်စ် - ထရွိုင်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အိမ်ကွင်းမှာ နိုက်စ်တို့အမှား ခံမှာမဟုတ်ပါဘူး။ ထရွိုင်စ်တို့ တန်းဆင်းအန္တရာယ်ရှိနေတယ်ဆို ပေမဲ့ အိမ်ရှင်ကိုယှဉ်ဖို့ခက်ပါတယ်။ နိုက်စ်ပဲရွေးထားမယ်။

လိုင်လီ - စထရာဘိုး (တနင်္ဂနွေည ၉း၃၅ နာရီ)

ဥရောပဝင်ခွင့်ရဖို့ လက်ရှိချန်ပီယံ လိုင်လီတိုက်ပွဲဝင်နေပေ မဲ့ အခွင့်အရေးနည်းနေပါပြီ။ စထရာဘိုးက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နေပြီး ခြေပိုငြိမ်ပါတယ်။ စထရာဘိုးပဲရွေးထားမယ်။

Reims - မာဆေးလ် (တနင်္လာနံနက် ၁း၁၅ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မာဆေးလ်တို့ အမှားခံလို့မရ တော့ပေမဲ့ Reims ကတော့ ဖိအားကင်းကင်းနဲ့ဖြတ်သန်းနေ တယ်။ အခုလည်း Reims အိမ်ကွင်းဆိုပေမဲ့ အမှတ်အရေးတ ကြီးလိုအပ်နေတဲ့ မာဆေးလ်ကိုပဲရွေးထားချင်တယ်။


READ NEXT
Cancel OK