မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခြင်း ခွင့်ပြုမှုများအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှ ဒေါ်လာ ၈၁ ဘီလျံကျော်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀ ဘီလျံကျော်အပါအဝင် ကျပ် ၁၉ ဒသမ ၀၄၉ ထရီလျံအထိ ခွင့်ပြုထားကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးတိုးတက်လာတာ တွေ့ရှိရပါတယ်။ ကိန်းဂဏန်း အချက်အလက်တွေအရ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၁၇၇၉ ခု ခွင့်ပြုထားပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၈၁၀၀၀ ကျော် (ဒေါ်လာ ၈၁ ဒသမ ၂၄၉ ဘီလျံ) နဲ့ မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်ကတော့ ၁၆၀၅ ခု ဖြစ်ပြီးတော့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀၀၀ ကျော် (ဒေါ်လာ ၁၀ ဒသမ ၃၅၂ ဘီလျံ )ဖြစ်ပါတယ်။ အဲဒါအပါအဝင် စုစုပေါင်းဆိုရင် ထရီလျံပေါ့။ ငွေကျပ် ၁၉ ဒသမ ၀၄၉ ထရီလျံ အထိ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ဝင်ရောက်လာတာကို တွေ့ရှိရပါတယ်” ဟု ဦးမြင့်ဆွေက ပြောကြားသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခု နှစ် မေလအကုန်အထိ နှစ်ပေါင်း ၃ဝအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် (Permitted) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၈၃၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၉၃၆ ဘီလျံရှိကြောင်း DICA က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ ဝင်ရောက်လုပ်ကိုင်သည့် (Existing) လုပ်ငန်းပေါင်း ၁၄၈၉ ခုသာ ပြန်လည်ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၆ရဒသမ၂၂၃ ဘီလျံသာရှိသည်။
ထို့ကြောင့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့် (Permitted) ရယူထားပြီးလုပ်ငန်းများအနက် ပြန်လည်ဖျက်သိမ်းသွားသော လုပ်ငန်းပေါင်း ၃၃၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၁၂ ဘီလျံရှိကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ငန်း ၁၅၄ ခုခွင်ြ့ပုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော် ရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၂ရဒသမ ၉၄ ရာခိုင်နှုန်းဖြင့် အများဆုံးခွင့်ပြု ပေးထားသည်။
ထို့အတူ စွမ်းအင်ကဏ္ဍတွင် လုပ်ငန်း ၂၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၂၆ဒသမ၄၀ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ခွင့်ပြုထားသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ဘီလျံနီးပါး ခွင့်ပြုပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းကျော် ရှိသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၁၀ ဘီလျံကျော် ခွင့်ပြုထားပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းကျော် ရှိသည်။
အိမ်ခြံမြေကဏ္ဍတွင် ခြောက်ရာခိုင်နှုန်းကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လေးရာခိုင်နှုန်းခန့်၊ သတ္တုတွင်းထွက်ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်ဖြင့် အသီးသီး ခွင့်ပြုခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍနှင့် ဆောင်လုပ်ရေး ကဏ္ဍတို့တွင် တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကိုးလကျော်တွင် ခွင့်ပြုအတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၇ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂ ဒသမ ၀၉၄ ဘီလျံရှိသည်။
ထို့ပြင် အဆိုပါကာလတွင်း ယခင်က ခွင့်ပြုပေးထားပြီးဖြစ်သည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးမြှင့်မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၁ ဘီလျံကျော်အထိ ရှိသည်။
ထို့အတူ အဆိုပါကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန် ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၃၀၀ သန်း ရှိသည်။
ထို့ကြောင့် လက်ရှိ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလကျော်တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၇၄ ဘီလျံကျော် အထိရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
