ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် ကွတ်ခိုင်နှင့် မူဆယ်မြို့ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကွတ်ခိုင်နှင့် မူဆယ်မြို့များတွင် ကုန်တင်ယာဉ်အများအပြား စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
တိုက်ပွဲများမှာ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား၊ နမ့်ဖတ်ကာနှင့် မူဆယ်ကြားတို့တွင် ဖြစ်ပွားနေဆဲဖြစ်ပြီး မူဆယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ်များမှာ ကွတ်ခိုင်မြို့အထွက် တိုးဂိတ်တွင် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
“ကျွန်မတို့ ကွတ်ခိုင်ကတ္တားဂိတ်မှာပဲ စောင့်နေတာ ၁၀ ရက်ရှိနေပြီ။ ဒီနေ့လည်း မူဆယ်ကို သွားလို့မရသေးဘူး။ အစိုးရက တရားဝင်ပိတ်ထားတာလည်းမဟုတ် နယ်မြေအခြေအနေအရ သွားလို့မရတာဆိုတော့ ဘယ်အချိန်သွားရမလဲ စောင့်ရင်း အခု ကွတ်ခိုင်မှာ သောင်တင်နေတာ ၁၀ ရက်ရှိနေပြီ။ အခုကွတ်ခိုင်ကတ္တားဂိတ်မှာ ကုန်တင်ကားတွေအစီး ၅၀ လောက်ရှိတယ်။ တချို့ရေထွက် ပစ္စည်းတွေဖြစ်တဲ့ ငါးရှဉ့်တို့ ဂဏန်းတို့ တင်လာတဲ့ကားတွေတာ မိုးညဲလမ်းကနေ မူဆယ်ဘက်ကို ပတ်သွားကြတာတွေရှိတယ်။ ဒါပေမဲ့လည်း အဆင်မပြေဘူး။ မူဆယ်ရောက်တော့ ငါးရှဉ့်တွေက ရက်လွန်ပြီး အနံ့တွေထွက်ကုန်တော့ အကုန်သွန်ပစ်ရတယ်”ဟု မူဆယ်သို့ ကုန်ပို့ရန် ကွတ်ခိုင်မြို့တွင် ရောက်ရှိနေသည့် ကုန်သည်တစ်ဦးဖြစ်သူ မဝေဝေဦးက ဆိုသည်။
ကုန်တင်ယာဉ်အချို့နှင့် ခရီးသည်တင်ယာဉ်အချို့မှာ ကွတ်ခိုင် - တာမိုးညဲပတ်လမ်းအတိုင်း မူဆယ်မြို့သို့ သွားရောက်ကြပြီး ကွတ်ခိုင်နှင့် မူဆယ်ယာဉ်စီးခမှာ ကျပ်နှစ်သောင်း ထိစျေးရှိပြီး လားရှိုးမှ မူဆယ်အထိ ယာဉ်စီးခကျပ်ငါးသောင်းထိ စျေးရှိကြောင်း သိရသည်။
“အခု ခရီးသည်တင်ယာဉ်ငယ်တွေက တာမိုးညဲလမ်းကနေ မူဆယ်ဘက်ကို သွားနေကြတယ်။ လမ်းကတော့ တော်တော်ဆိုးတယ်။ ကားကြီးတွေတော့ သွားလို့မရဘူး။ ခရီးသည် တင်ကားလေးတွေတောင် တချို့နေရာတွေ မှာ ဆင်းတွန်းရတယ်။ မိုးရွာလည်း ဆင်းတွန်းရတယ်။ မိုးမရွာလည်း ကားဆင်းတွန်းရတယ်။ ကွတ်ခိုင်ကနေ တာမိုးညဲလမ်းအတိုင်းသွားပြီး တာမိုးညဲကနေ လားရှိုး-မူဆယ်ကားလမ်းမကြီးပေါ်ကို နမ့်အွန်ရွာအထိ သုံးနာရီလောက် မောင်းရတာပေါ့။ လမ်းကတော့ ဆိုးတယ်။ ကားငယ်လေးတွေပဲ သွားလို့ရတယ်။ ကားခက လားရှိုးကနေဆိုရင် ပုံမှန်စျေးက တစ်ယောက်ကို တစ်သောင်းငါးထောင်ဆိုပေမဲ့ အခုတာမိုးညဲဘက်ကနေ မူဆယ်ကို ပတ်သွားရတာဆိုတော့ တစ်ယောက်ကို ငါးသောင်းယူပါတယ်” ဟု လားရှိုး - မူဆယ်ခရီးသည်တင်ယာဉ်မောင်း ကိုစိုင်းလျန်က ပြောကြားသည်။
ဂုတ်တွင်းလမ်းတွင် ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ်အချို့ ပြန်လည်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်သဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသများမှ မိုးဖရဲများတင်ဆောင်ကာ မူဆယ်သို့ သွားရောက်ရောင်းချမည့် သစ်သီးတင်ယာဉ်အချို့မှာလည်း ကွတ်ခိုင်မြို့တွင် ရောက်ရှိကာ မူဆယ်သို့ထွက်ခွာရန် စောင့်ဆိုင်းနေရသည်မှာ လေးရက်ခန့်ကြာမြင့်နေပြီဖြစ်သဖြင့် ဖရဲသီးများ ဆုံးရှုံးရမည့်အခြေအနေနှင့် ကြုံနေရကြောင်း သိရသည်။
အလားတူ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင်လည်း လားရှိုး၊ မန္တလေးဘက်သို့ ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်၄၀၀ ကျော်ထိရှိကြောင်း သိရသည်။
“(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ထဲက ကားကွင်းထဲမှာတော့ ကုန်တင်ကားတွေ မန္တလေး၊ လားရှိုးဘက်ကိုထွက်ဖို့ စောင့်နေတာ အစီး ရေ ၄၀၀ ကျော် လောက်ရှိတယ်။ သူတို့လည်း ဒီကွင်းထဲမှာ စောင့်နေတာ ၁၀ ရက်ဝန်းကျင် လောက်ရှိနေပြီ။ ကားလေးတွေကတော့ တာမိုးညဲလမ်းကနေ သွားကြတာတွေရှိတယ်”ဟု မူဆယ်မြို့နေ ကိုကျော်ကျော်လှိုင်က ပြောကြားသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ သြဂုတ်၂၅ ရက် ညနေ ၅ နာရီခန့်တွင် စောင့်ဆိုင်းနေကြသည့် ယာဉ်များအား သက်ဆိုင်ရာက ပြန်လည်ထွက်ခွာခွင့်ပေးသဖြင့် ယာဉ်များ ပြန်လည်ထွက်ခွာလာကြကြောင်း သိရသည်။ မူဆယ်မြို့သို့ သွားရောက်ရန် ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အနီးတွင်စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ် အများအပြားမှာ မူဆယ်ဘက်သို့ သြဂုတ်၂၅ ရက် ညနေ ၅ နာ ရီခန့်တွင် ဦးတည်မောင်းနှင်လာကြပြီး နမ့် ဖတ်ကာကျေးရွာအဝင်တွင် ကုန်တင်ယာဉ်အများအပြား ပြန်လည်စောင့်ဆိုင်းနေကြရကြောင်း သိရသည်။ ကွတ်ခိုင် - မူဆယ်ကြား ပြည်ထောင်စု ကားလမ်းပေါ်တွင် ယာဉ်များဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုပြီးသည့်နောက်ပိုင်း မူဆယ်ဘက်မှလာသော ယာဉ်ငယ်ငါးစီးခန့်သာ ဖြတ်သန်းသွားလာသည်ကို တွေ့ရပြီး ညနေ ၆ နာရီတွင် ယာဉ်အသွားအလာမရှိသလောက် ပြန်ဖြစ်သွားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
