စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ခံသာစံပြကျေးရွာတွင် သြဂုတ်၂၅ ရက် နံနက် ၅ နာရီကျော်က နှစ်ရှည်ညောင်ပင်ကျိုးကျမှုကြောင့် လူတစ်ဦးသေဆုံးပြီး လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် NLD လူငယ်သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုနေမျိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
သြဂုတ်၂၅ ရက် နံနက် ၅ နာရီကျော်က ကောလင်းမြို့နယ် ခံသာစံပြကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်ရာမှတစ်ဆင့် နှစ်ရှည်ညောင်ပင်ကျိုးကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဒဏ်ရာရတာကတော့ လူငါးဦးရှိတယ်။ သေဆုံးသူကတော့ တစ်ယောက်ဖြစ်တယ်။ ကောလင်းမြို့နယ် ခံသာစံပြကျေးရွာရဲ့ စျေးအတွင်းမှာ ဖြစ်တာ။ ဒီကနေ့ မနက် ၅ နာရီ ကျော်လောက်က ဖြစ်တာ။ ဒဏ်ရာရတဲ့ လူနာတွေကတော့ မန္တလေးဆေးရုံနဲ့ အခြားဆေးရုံတွေမှာသွားပြီး ကုသကြတယ်ပြောတယ်။ နောက်ဆက်တွဲသတင်းကတော့ မရသေးဘူး။ စျေးဆိုင်ခန်းငါးခန်းလောက် ထိခိုက်ပျက်စီးတယ်” ဟု ကိုနေမျိုးဝင်းက ပြောကြားသည်။
ညောင်ပင်ကျိုးကျမှုကြောင့် သေဆုံးသူမှာ ဒေါ်ချိုဦး(ကောလင်းမြို့နယ် မင်းကုန်းအုပ်စု ဂတ်ကုန်းကျေးရွာ)ဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် လူငါးဦးမှာ ကိုမျိုးနိုင်ထွန်း (ကောလင်းမြို့နယ် ကျွန်းလှကျေးရွာ)၊ ဒေါ်နီလာဝင်း(ကောလင်းမြို့နယ် ဂတ်ကုန်းကျေးရွာ)၊ ဒေါ်ဇင်ဝါအောင် (ကောလင်းမြို့နယ် ဆင်ကုန်းကျေးရွာ)၊ ဒေါ်အုံးကြည် (ကောလင်းမြို့နယ် မင်းကုန်းကျေးရွာ)၊ ဒေါ်မြင့်မြင့်အေး (ကောလင်းမြို့နယ် ပေကုန်းကျေးရွာ) တို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
