သြဂုတ်လဆန်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းမှုကြောင့် ရေး - ဖလံ - ကျုံကွီးလမ်းနှင့် ရေး- ဖလံ - ညီဆာလမ်းပိုင်းပေါ်ရှိ တံတားများပျက်စီးခြင်း၊ လမ်းပိုင်းများအပေါ် မြေပြိုကျမှုများကြောင့် ဒေသအခေါ် ရေးချောင်းဖျားဒေသသို့သွားရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စားနပ်ရိက္ခာများ ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်ပေးနေရကြောင်း စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပို့ဆောင်ပေးခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ လမ်းပိုင်းရှိ အဓိကတံတားတစ်စင်းဖြစ်သော မရမ်းချောင်းတံတားမှာ တောင်ကျရေတိုက်စားမှုကြောင့် ရေးဘက်ခြမ်းတံတားချဉ်းကပ်လမ်းမှာ ပေ ၁၂ဝခန် ့ပြိုကျသွားသည့်အတွက် စားနပ်ရိက္ခာများအား တစ်ဖက်ကမ်းသို့ရောက်အောင် ခက်ခက်ခဲခဲ ပို့ဆောင်ပေးနေရကြောင်းနှင့် ထိုမှကျေးရွာများသို့ သွားလာလမ်းပိုင်းများ၌လည်း မြေပြိုမှုရှိခြင်း၊ တံတားများ ပျက်စီးသွားသည့်အတွက် စားနပ်ရိက္ခာများအား ခြေလျင်ခရီးဖြင့်သာ ပို့ဆောင်ပေးနေရကြောင်း သိရသည်။
“သြဂုတ်၂၃ ရက်က ကျွန်တော်တို့ ရိက္ခာတွေ သွားပို့တဲ့အခါမှာ ချဉ်းကပ်လမ်းပြိုနေတဲ့ မရမ်းချောင်းတံတားမှာက ယာယီလှေကား လုပ်ထားတယ်။ အဲဒီလှေကားကို ခက်ခက်ခဲခဲတက်၊ ပြီးရင် တစ်ဖက်ကမ်းမှာရှိတဲ့ ဒေသခံတွေကို ပစ္စည်းတွေ သွားလှူပေးရတယ်။ စားနပ်ရိက္ခာလာယူကြတဲ့ ရွာတွေကလည်း ဒီနေရာကိုရောက်ဖို့ ခက်ခက်ခဲခဲလာကြတယ်။ ဘာကြောင့်လဲဆိုရင် လမ်းတွေမှာက တောင်ပြိုတာ၊ မြေပြိုတာတွေဖြစ်နေတယ်။ လမ်းပေါ်မှာပဲ မြေကြီးက လူတစ်ရပ်စာလောက်ရှိနေတယ်။ မရမ်းတံတားကနေ ကင်မွန်းရွာအထိဆိုရင် တစ်နာရီခွဲလောက် လမ်းလျှောက်ရတယ်။ အဲဒီထက်ဝေးတဲ့ ရွာတွေဖြစ်ရင်လည်း ခြေလျင်သွားရတာလည်း ရှိသလို တချို့ရွာ တွေမှာဆိုတော့ ဆိုင်ကယ်သွားလို့ရအောင် လမ်းလေးတွေ ပြန်လုပ်ထားတော့ ဆိုင်ကယ်နဲ ့သွားလာလို့ရတဲ့ ရွာတွေလည်း ရှိပါတယ်။ ကင်မွန်းရွာမှာဆိုရင်လဲ အိမ်တွေပြိုနေတာတွေ၊ နောက်ရေနဲ့ မျောသွားတဲ့ အိမ်တွေလည်း ရှိတယ်လို ့သိရတယ်”ဟု အဆိုပါ ရေးချောင်းဖျားဒေသသို ့စားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်ပေးခဲ့သူရေးမြို့မှ ကိုစိုးမင်းနိုင်က ပြောကြားသည်။
ရေးချောင်းဖျားဒေသ ပတ်ဝန်းကျင် ကျေးရွာ၌ သြဂုတ် ၉ ရက်မှ သြဂုတ် ၁၂ ရက် ခန့်အထိ ရေကြီးရေလျှံမှုဖြစ်သွားကြောင်း၊ ရေကြီးရေလျှံမှုဒဏ် ခံရသည့်အပြင် တံတားများ ပျက်စီးခြင်း၊ တောင်ပြိုခြင်းများလည်း ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
၎င်းက “အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ မရင်းချောင်းတံတားက တောင်ကျရေထိုးတော့ ချဉ်းကပ်မြေသားလမ်းကပေ ၁၂၀ လောက်ပြိုသွားတယ်။ တံတားကတော့ ဘာမှမဖြစ်ဘူး။ အဲဒီတော့ ဘာဖြစ်လာလည်းဆိုတော့ တစ်ဖက်ကမ်းမှာရှိနေတဲ့ ကရင်ရွာတွေရော၊ မွန်ရွာတွေရောက တံတားချဉ်းကပ်လမ်းမရှိတော့ ဘယ်လိုမှဖြတ်သန်းသွားလာလို့ မရတော့ဘူး။ နောက်ရေကလည်း တအားကြီးခဲ့သလို အခုအချိန်အထိ ရေစီးကလည်း တအားသန်နေတုန်းပဲ။ လှေတွေ၊ ဖောင်တွေနဲ့ သွားလို့ကလည်း အဆင်မပြေဘူး။ အဆက်အသွယ်တွေ ပြတ်သွားတယ်။ အဲဒီတော့ တစ်ဖက်မှာရှိနေတဲ့ ရွာတွေမှာက စားနပ်ရိက္ခာတွေ အခက်အခဲ ဖြစ်သွားတယ်။ နောက်ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ တချို့မွေးလူနာတွေဆိုရင် အဲဒီမှာပဲ မွေးလိုက်ရတာတွေ၊ ကလေးဆုံးပါသွားတာတွေလည်း ရှိခဲ့တယ်လို့ သိရတယ်”ဟု ပြောကြားသည်။
“ချဉ်းကပ်လမ်းပျက်နေတဲ့ တံတားက မရမ်းချောင်းတံတား။ အဲဒီတံတားကနေ ဖလမ်းဆိုတဲ့ရွာကို သွားရတယ်။ ဖလမ်းရွာကတစ်ဆင့် အဲဒီရွာဝန်းကျင်မှာရှိတဲ့ ရွာတွေကို ဆက်သွားလို့ ရသလို ချောင်းတစ်ဖက်ကမ်းမှာ ရှိနေတဲ့ ရွာတွေကလည်း စားနပ်ရိက္ခာတွေ ဆက်ပို့ပေးလို့ရတယ်။ အဓိကကတော့ မြေပြိုလို ့လမ်းပန်းဆက်သွယ်ရေး ပြတ်သွားတာကတစ်ပိုင်း၊ တံတားချဉ်းကပ်လမ်းပြိုကျသွားလို့ သွားလာရေး အခက်အခဲဖြစ်သွားတာက တစ်ပိုင်းပေါ့။ အဲဒါတွေကြောင့် ရေးချောင်းဖျားဒေသက ရွာတွေမှာ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်နေတာပါ” ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းခြင်းကြောင့် ရေး - ကျုံကွီးလမ်းပိုင်း၌ ကွန်ကရစ်တံတားသုံးစင်း၊ မဏိပူရ - ကျောက်တိုင်လမ်းပိုင်း၌ ကွန်ကရစ်တံတားတစ်စင်း ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ရေး - ကျုံကွီးလမ်း ပိုင်းရှိတံတားများ၏ မြေကာနံရံများပျက်စီးခြင်း၊ မြေပြိုကျမှု ၁၀ နေရာဖြစ်ပွားခြင်း၊ ဖလံချောင်းဝ- ညီဆာလမ်းပိုင်း၌ မြေပြိုကျမှု ရှစ်နေရာ၊ ဖလံချောင်း - ကမ်းနီ - အိုင်ရှည် လမ်းပိုင်း၌ မြေပြိုကျမှုတစ်နေရာ ဖြစ်ပွားခဲ့ကြောင်း ရေးမြို့နယ် နယ်စပ်စည်ပင်ဌာန၏ စာရင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
