မြေပေါ်တွင် ခြံဝင်းဖြင့် နေထိုင်လိုသူများအတွက် ဒဂုံလေးမြို့နယ်နှင့် ရွှေပြည်သာ၊ လှိုင်သာယာရှိ အစိုးရပိုင် မြေကွက်များကို ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ရန်ကုန်မှာ မြေဧရိယာများစွာ ရှိပါတယ်။ ကျွန်တော်တို့ လုပ်ငန်းလုပ်နိုင်တဲ့မြေတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲနှစ်ချက် ရှိပါတယ်။ တစ်ချက်က ဒဂုံလေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာတွေကို တည်ဆောက်ခဲ့စဉ်မှာ မြေလျော်ကြေး မပေးခဲ့တဲ့အတွက် မြေလျော်ကြေး မရသေးရင် သူတို့ပိုင်ဆိုင်ခဲ့တဲ့ မြေပေါ်မှာပဲ ဆက်ပြီးနေမယ်ဆိုတဲ့၊ တရားဝင်ကတော့ အစိုးရက မြေသိမ်းဥပဒေနဲ့ ထုတ်ပြန်လိုက်ပြီ ဆိုပေမဲ့ အဲဒီအချိန်ကာလတုန်းက လယ်သမားတွေက ဒီမှာပဲဆက်ပြီးနေမယ်။ လျော်ကြေးရမှ ထွက်ခွာပေးမယ်ဆိုတဲ့ အခြေအနေတစ်ခု ရှိပါတယ်။ ဒီနေရာဟာ မြို့မြေဖြစ်သွားတဲ့အတွက် လယ်မြေတော့ ပြန်မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ လျော်ကြေးရနိုင်ဖို့အတွက် သူတို့စောင့်ဆိုင်းနေတယ်။ ဒီအတွက် ဒီလိုနေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ထိုသို့ မြေယာလျော်ကြေးပေးရန် အခက်အခဲ ရှိနေသည့်အတွက် လက်ဝယ်ရှိမြေများကို ရောင်းချရမည် ဖြစ်ကြောင်းနှင့် မြေယာလျော်ကြေး ပမာဏမှာ ပထမအဆင့် ဘီလျံ ၂၀၀ ခန့်ရှိကာ အဆိုပါ မြေလျော်ကြေးများ ပေးနိုင်ရန် ပြည်ထောင်စုအဆင့် ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေး ကော်မတီသို့ တင်ပြထားပြီး ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
“တစ်ခုကတော့ နေရေးအတွက် မြေကွက်လိုချင်တယ် ဆိုသူတွေကို ရောင်းပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် နှစ်မျိုးရှိပါမယ်။ မြေဖိုးရယ် Infrastructure ဖိုးရယ် ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့အတွက် လမ်းတွေ၊ ရေနုတ်မြောင်းတွေ စနစ်တကျ ရှိစေဖို့အတွက် အခြေခံ အဆောက်အအုံတွေအတွက် ပေးရမှာ ဖြစ်ပါတယ်။ တစ်ခုက မြေဖိုးပေးရမှာ ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းပြီး မြေတန်ဖိုးသင့်ပြီး ရောင်းပေးဖို့ဖြစ်ပါတယ်။ မြေနဲ့နေထိုင်လိုသူတွေ ဖြစ်ပါတယ်။ မြေနေရာတွေကတော့ ဒဂုန်လေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာဘက်မှာပဲ ရောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အရှင်းဆုံးပြောရရင် စက်မှုလက်မှု ကဏ္ဍတွေမှာ ဆောင်ရွက်ဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် လုပ်ချင်တဲ့သူတွေကို ရောင်းပေးဖို့ ရှိပါတယ်။ ရောင်းပေးမယ့်နေရာမှာ တကယ်ဆောင်ရွက်မယ့် သူတွေကို ချက်ချင်းအကောင်အထည်ဖော်မယ့် သူတွေကိုပဲ ကျွန်တော်တို့ ရောင်းပေးမှာ ဖြစ်ပါတယ်။ မြေကစားဖို့အတွက် ရောင်းပေးမှာ မဟုတ်ပါဘူး။ မြေတွေကို ကိုင်ထားပြီးတော့ မြေစျေးကမောက်ကမဖြစ်အောင် လုပ်မှာတွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ချက်ချင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်တဲ့ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်တဲ့သူတွေကို ရောင်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသူများက မြေစျေးကြီးမြင့်သည်ဟု ပြောကြားပြီး ထိုသို့ မြေစျေးကြီးမြင့်ရခြင်းမှာ ပုဂ္ဂလိက ကဏ္ဍက မြေကိုကိုင်ထားပြီး အစိုးရက မြေရောင်းချပေးမှုများ မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် လက်ရှိတွင်မူ ရင်းနှီးမြှုပ်နှံသူများနှင့် အမှန်တကယ် လုပ်ကိုင်လိုသူများကို ရောင်းချပေးရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ထိုသို့ ရောင်းချရာတွင်လည်း မြေမှာ ပြည်ပနိုင်ငံသားများကို ရောင်းချနိုင်မှု မရှိသဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေနိုင်ရန် တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်နေကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“မြေရောင်းချမှုနဲ့အတူ မြေသိမ်းဆည်း ခံခဲ့ရသူတွေကို ကျွန်တော်တို့က လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ၂၀၀ ဘီလျံကျော်လောက် ရှာဖွေပြီး လယ်သမားကို လျော်ကြေးပြန်ပေးဖို့ လုပ်ရပါမယ်။ လယ်သမားတွေကလည်း လျော်ကြေးရတဲ့အပေါ်ကနေ မူတည်ပြီး သူတို့နေရေးအတွက် အခက်အခဲ ရှိတယ်ဆိုရင် မြေကို အစိုးရဘက်က ပြန်လည်ရောင်းချပေးနိုင်ဖို့အတွက် စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ထို့ပြင် အမှန်တကယ် နေရေးခက်ခဲနေသည့် ကျူးကျော်များအတွက် အစိုးရက မြေစိုက်ပေးမည် ဖြစ်သည့်အပြင် အိမ်ဆောက်နိုင်ရန် ချေးငွေပါ ရှာဖွေပေးမည့် အစီအစဉ်ကို လာမည့် စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး အစိုးရနှင့် ကုမ္ပဏီဝန်ထမ်းများ အတွက်လည်း အစိုးရက မြေထည့်ဝင်ပေးကာ တည်ဆောက်မည့် ကျပ်သိန်း ၁၂၀ ခန့် တန်ဖိုးနည်း တိုက်ခန်းများ ရောင်းချပေးရန် စီမံဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
