၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၈၈၈ ဘီလျံကျော် ဝင်ငွေရှိပြီး ကျပ် ၇၃၇ ဘီလျံကျော် အမြတ်ရရှိမည်ဟု ခန့်မှန်းထားသည့် ဗဟိုဘဏ်၏ အဓိကဝင်ငွေမှာ ပြည်ထောင်စုအစိုးရက ပေးချေနေရသည့် အတိုးစရိတ်များသာဖြစ်ပြီး ဝင်ငွေ၏ ၈၄ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖြန့်ဝေထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအ သုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ အမှတ်စဉ် (၁၄ / ၂၀၁၉) တွင် ဖော်ပြထားမှုအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်စာရင်းတွင် ကျပ် ၆၃၅ ဘီလျံ အမြတ်ရရှိခဲ့ပြီး ၂၀၁၈ ဘဏ္ဍာ နှစ်တို ခြောက်လ (ရှေ့ပြေးအမှန်စာရင်း)တွင် ကျပ် ၃၇၄ ဘီလျံကျော်အမြတ်ရရှိခဲ့ပြီး လာမည့်စက်တင်ဘာ ၃၀ ၌ ကုန်ဆုံးမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြုပြင်ပြီးခန့်မှန်းခြေတွင် ကျပ် ၇၃၈ ဘီလျံ အမြတ်ရရှိရန် မျှော်မှန်းခဲ့သည်။
“အရှုံးအမြတ်စာရင်းတွေအရ ကြည့်မယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဝင်ငွေ ၆၀၁ ဘီလျံရပါတယ်။ အမြတ် ၄၆၃ ဘီလျံ ရပါတယ်။ ၂၀၁၇-၁၈ မှာ ဝင်ငွေ ၇၄၆ ဘီလျံ။ အမြတ် ၆၃၅ ဘီလျံ။ အလားတူပဲ ၂၀၁၈-၂၀၁၉ မှာ ဝင်ငွေ ၈၇၈ ဘီလျံ။ အမြတ်က အမြတ်က ၇၃၉ ဘီလျံ။ အလားတူပဲ ၂၀၁၈-၂၀၁၉ မှာ ဝင်ငွေ ၈၈၈ ဘီလျံ။ အသုံးစရိတ်က ၁၅၁ ဘီလျံဖြစ်လို့ အမြတ်က ၇၃၇ ဘီလျံ အမြတ်ရရှိမယ်လို့ ခန့်မှန်းပြီးတော့ ကျွန်တော်တို့ရဲ့ ၂၀၁၉-၂၀၂၀ ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးမှာ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်” ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။ ထိုသို့ ခန့်မှန်းရေးဆွဲမှုအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်းခြေ၌ပင် ကျပ် ၇၃၇ ဘီလျံကျော် အမြတ်ရရှိရန် ခန့်မှန်းထားခြင်းဖြစ် ပြီး ဝင်ငွေအဖြစ် ကျပ် ၈၈၈ ဘီလျံကျော်နှင့် သုံးငွေအဖြစ် ကျပ် ၁၅၀ ဘီလျံကျော်သာ သုံးစွဲသွားမည်ဖြစ်သဖြင့် အမြတ်အစွန်းများစွာ ရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
“ဗဟိုဘဏ်ရဲ့ ၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇ -၂၀၁၈ ရရှိတဲ့ ဝင်ငွေနဲ့ ကျွန်တော်တို့ နိုင်ငံတော်က ဗဟိုဘဏ်ကို ပေးချေရတဲ့ အတိုးစရိတ်တွေ၊ စီမံအုပ်ချုပ်မှုစရိတ်တွေ ပေါင်းလိုက်ရင် အခု နိုင်ငံတော်က ဗဟိုဘဏ်ကို ပေးချေနေရတဲ့ငွေသည် ဗဟိုဘဏ်ရဲ့ ရငွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်း ရှိတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရတာဖြစ်ပါတယ်” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။
ဘတ်ဂျက်လိုငွေ များပြားနေသည့် မြန်မာနိုင်ငံအနေဖြင့် လိုငွေများကို ဗဟိုဘဏ်ကလည်း ဖြည့်ဆည်းပေးနေရပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၉၆၆ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၂၁၃ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၆၆၃ ဘီလျံ ဖြည့်ဆည်းခဲ့ရသည်ဟု ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ အမှတ်စဉ် (၁၄ / ၂၀၁၉) တွင် ဖော်ပြထားမှုအရ သိရသည်။
အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်အစည်းအဝေးက မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများကို ယခုနှစ် ဒီဇင်ဘာတွင် ထုတ်ဝေနိုင်ရန် စီမံထားပြီး ထုတ်လုပ်မည့် ပမာဏနှင့် မည်သည့်ကျပ်တန်အမျိုးအစား ထုတ်လုပ်ဖြန့်ဝေမည်ကို ဆုံးဖြတ်ရခြင်း မရှိသေးဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက သြဂုတ် ၂ ရက်တွင် ကျင်းပသည့် အမျိုး သားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို လာရောက်ဖြေကြားချိန်၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
