တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ ခုနစ်ညဆက်တိုက် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီးနောက် ပေါက်ကွဲသံ ထွက်ပေါ်အောင် လုပ်ဆောင်ခဲ့သူ လူငယ်သုံးဦးကို သြဂုတ်လ ၂၄ ရက်နေ့ ညပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။
သြဂုတ်လ ၂၄ရက်နေ ့ညနေပိုင်းက ထားဝယ်မြို ့ပေါ်တွင် ပေါက်ကွဲသံများ မကြာခဏ ဖြစ်ပွားနေမှုအပေါ် ရဲတပ်ဖွဲ ့ဝင်များက စုံစမ်းနေစဉ် ထားဝယ်မြို ့ ဥဿရံရပ်ကွက် ကမ်းနားလမ်းရှိ တိုးတက်နိုင် ဓာတ်ဆီဆိုင်အနီးတွင် ယမ်းဖောက်မှုနှင့် ပတ်သက်၍ ဆိုင်ရှိ CCTV မှတ်တမ်းအား စုံစမ်းရာ ၅၆ယ/--- Click-125i အနီရောင် ဆိုင်ကယ်ဖြစ်ကြောင်း သိရပြီး ဆိုင်ကယ်ပိုင်ရှင်မှာ ရေဖြူမြို ့နယ် မူဒူးကျေးရွာနေသူဖြစ်ကြောင်း သိရသဖြင့် ဆက်လက်စုံစမ်းခဲ့ကြောင်း သိရသည်။
စုံစမ်းချက်အရ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေသူ ညီညီစိုးအား ဘုမ္မော်ရပ်ကွက် ညောင်ပင်ကြီးလမ်းဆုံ၌ ၎င်းဆိုင်ကယ်နှင့်အတူ တွေ့ရှိ၍ မေးမြန်းရာ ဆိုင်ကယ်ပိုင်ရှင် မူဒူးကျေးရွာနေ စိုးမင်းသူပိုင်ဆိုင်ပြီး ၎င်းမှာဆင်ဆိပ်ရပ်ကွက်နေ အောင်သီဟဇော်နေအိမ်၌ ရှိနေကြောင်း သိရသဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ရှာဖွေရာ၌ အိပ်ယာကြမ်းခင်းတွင် အချင်းတစ်လက်မခန့်ရှိ ဘောလုံးပုံသဏ္ဍာန် ယမ်းကြိုးများ ပါရှိသည့် အနီ/အစိမ်း/အပြာရောင်များ ပါရှိသော ဗြောက်အိုး ၆ လုံးကို တွေ ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ယင်းပစ္စည်းများမှာ အောင်သီဟဇော်နေအိမ် အောက်ထပ်၌ ငှားရမ်းနေထိုင်သည့် စိုးမင်းဦး၏ ပစ္စည်းများ ဖြစ်ကြောင်း သိရသဖြင့် စိုးမင်းဦးအား ခေါ်ယူ၍ ၎င်းတို့ သုံးဦးထံမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
“ဘယ်လိုမိလဲဆိုတော့ ဒီကောင်တွေကို သက်သေခံပစ္စည်းတွေနဲ့အတူ မိတာပေါ့။ ရဲတပ်ဖွဲ့ဝင်တွေ နေရာအနှံ့ ဖြန့်ကျက်ဆောင်ရွက်ထားတဲ့ စုံစမ်းမှုတွေနဲ့အတူ ဒီကောင်တွေ သတင်းအစအနရတယ်။ ရတော့ အဲဒီ သတင်းရတဲ့ လူကနေပြီးတော့မှ သတင်းရတဲ့ သံသယတရားခံပေါ့။ သူ့ဆီကနေပြီး ငါတို့ဆက်သပ်ပြီးတော့ ရတော့ သူနဲ့အတူ ဘယ်သူတွေပါတယ်၊ ဒီကောင်လုပ်နေတာ တွေ့တယ်ဆိုတော့ ဒီကောင့်ဆီကို သွားရှာတယ်။ သွားရှာတဲ့အချိန်မှာ မီးရှူးမီးပန်း၊ သူတို့အခေါ်ကတော့ မီးပန်းဗြောက်ပေါ့။ အဲလိုခေါ်တဲ့ ဗြောက်အလုံးနဲ့ ဒီကောင်က ငါးမိုင်းတွေဘာတွေလည်း ခွဲလို့ရတယ်ပြောတယ်။ သို့သော် စစ်ဆေးဆဲပေါ့။ ဒီကောင်က အသံတော့မည်တယ်။ 'အုန်း' ခနဲ 'အုန်း' ခနဲ မြည်တာပေါ့။ ဒီဟာတွေနဲ့အတူ ၆ လုံးနဲ ့လက်ဝယ်မိတယ်။ လက်ရှိကတော့ မိထားပြီးပြီ။ မိထားပြီးငါတို ့စစ်နေတယ်။ စစ်နေတယ် ဆိုတာက ဒီကောင့်ဆီမှာတော့ လက်ဝယ်မိတယ်။ ဒီကောင်တွေ ဘယ်နေရာတွေ ဘယ်လိုဆောင်ရွက်နေတယ်။ ဘာတွေလုပ်ခဲ့လဲ၊ ဘယ်လိုရည်ရွယ်ချက်ရှိလဲ ဆိုတဲ့ဟာတွေ အပေါ်မှာ မူတည်ပြီးတော့ ငါတို့က စစ်ဆေးပြီးတော့မှ ဥပဒေနဲ အညီ ဆက်လက်ဆောင်ရွက်မှာပေါ့။ တရားစွဲတင်ပြီးတော့ ထိုက်တန်သော အပြစ်ဒဏ်ရရှိအောင် ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်" ဟု ထားဝယ်ခရို်င်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ပြောကြားသည်။
ထားဝယ်မြို့ပေါ်၌ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ညစဉ်ပေါက်ကွဲသံ ထွက်ပေါ်အောင် လုပ်ဆောင်ခဲ့သူ လူငယ်များမှာ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် လူငယ်သုံးဦးဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် လူငယ်သုံးဦးအား ပေါက်ကွဲစေတတ်သော ပစ္စည်းများအား နေရာတကျ မထားဘဲ ပေါ့လျော့စွာ ထားရှိခြင်း၊ ပေါက်ကွဲစေတတ်သော အရာများအား အသုံးပြု၍ အများပြည်သူကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်းဖြစ်အောင် ပြုလုပ်သူ စိုးမင်းဦး၊ စိုးမင်းသူနှင့် ညီညီစိုးတို့ သုံးဦးအား ထားဝယ်မြို့မရဲစခန်း၌ (ပ) ၃၀၈၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၅၀၅(ခ)အရ အမှုဖွင့်ထားပြီး စစ်ဆေးနေသည်ဟုသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
