Top News

ပုပ္ပားမယ်တော်ကြီး ချိုးရေတော်သုံးပွဲတော် ကျင်းပ
24htopnews | November 29, 2024 7:12 PM CST

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာ့ဂူဘုရားပွဲနှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲတွင် ပုပ္ပားမယ်တော်ကြီး ချိုးရေတော် သုံးပွဲအခမ်းအနားကို ၀ါခေါင်လပြည့်ကျော် ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြင်းခြံ၊ မုံရွာ နှင့် အခြားမြို့နယ်ရှိ ကိုးကွယ်ယုံကြည်ကြသူများမှ လာရောက်ကာ ပန်းဆက်သခြင်းများဖြင့် စည်ကားကြောင်း သိရသည်။

၀ါခေါင်လပြည့်ကျော် ၇ ရက် ညနေ ၆ နာရီမှာ ညီလာခံဖွင့်ပွဲကျင်းပခဲ့တာဖြစ်ပြီး ၈ ရက်၊ ၉ ရက်နေ့များမှာတော့ ရိုးရာအစဉ်အလာအတိုင်း တက်ပွဲ၊ ချွတ်ပွဲများ ၀ါခေါင်လပြည့်ကျော် ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ပုပ္ပါးမယ်တော်ကြီး ချိုးရေသုံးပွဲကျင်းပရာ ဧရာဝတီမြစ်ရေ နည်းပါးခြင်းကြောင့် ငှက်သမ္မာန်ပေါ်တွင် မဏ္ဍာပ်မထိုး၊ ဖောင်မဖွဲ့ဘဲ၊ ငှက်လှေ ၃၁ စီးနဲ့ ချိုးရေတော်သုံးခြင်းဖြစ်ကြောင်း ရတနာ့ဂူဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးထံမှ သိရသည်။

၀ါခေါင်လပြည့်ကျော် ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်များတွင် ရိုးရာစဉ်အလာအတိုင်း တက်ပွဲ ၊ ချွတ်ပွဲ ၀ါခေါင်လကွယ်နေ့နံနက်ပိုင်းတွင် သံဃာအပါး ၁၅၀ အား ဆွမ်းလောင်းပွဲကျင်းပခြင်း၊ ၀ါခေါင်လကွယ်နေ့တွင် ထိန်ခုတ်ပွဲ အခမ်းအနားကျင်းပပြီး ၃ နာရီအချိန်မှာ မယ်တော်ပို့ပွဲကျင်းပပြီး ညပိုင်းတွင် ပိတ်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK