ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၀ မိုင်အနီးတွင် သြဂုတ် ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော SURF မော်တော်ယာဉ်တစ်စီး ပက်လက်လန် တိမ်းမှောက်ရာမှ သံဃာတစ်ပါး အပါအဝင် အမျိုးသားလေးဦး သေဆုံးမှု ဖြစ်ပွား၍ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သာဂရ အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မုံရွာမြို့နယ် ဆားလင်းကြီး ကျေးရွာဘက်မှ ထွက်ခွာလာပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ကိုဘိုဘို ၃၂ နှစ်(ဘ) ဦးသန်းဝင်း၊ဒိုက်ဦးမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-9G/--- SURF ခဲရောင်မော်တော်ယာဉ်မှာ ယာဉ်ပေါ်တွင်၊ ယာဉ်မောင်း၊ သံဃာ ၂ ပါးအပါအဝင် အမျိုးသား ၆ ဦးလိုက်ပါ၍ မောင်းနှင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြားသို့ အရောက်တွင် မော်တော်ယာဉ်၏ ဝဲဘက်နောက်ဘီးပြုတ်ထွက်ပြီး လမ်းမ၏ ယာဘက် မြေသားလမ်းပေါ်တွင် ပက်လက်လန် တိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်၍ လူသေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်ပြီး သာဂရအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ကျော်စွာလတ်က “ဝဲဘက်နောက်ဘီး ကျွတ်ထွက်ပြီးတော့ အရှိန်ပြင်းပြီးတော့ မှောက်တာပါ။ လူတွေက ကားလမ်းပေါ်ကို ထွက်ကျတာပါ။ ကားပေါ်မှာက သံဃာနှစ်ပါးပါပါတယ်။ လူလေးယောက်ပါပါတယ်။ အဲ့ဒါ သံဃာတစ်ပါးနဲ့ လူသုံးယောက် ဆုံးပါတယ်။ သေဆုံးတာကတော့ ဆွာပြည်သူ့ ဆေးရုံပေါ့။ ကျန်တာကျတော့ ဆွာကနေပြီးတော့ ကုတင်တစ်ထောင်ပေါ့။ လမ်းကြောက နေပြည်တော်-ရန်ကုန်ဘက်ခြမ်းပါခင်ဗျ” ဟု ပြောကြားသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ သာဂရအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ကျော်စွာလတ်နှင့် တပ်ဖွဲ့ဝင်များ၊ သာဂရအမြန်လမ်း မီးသတ်တပ်ဖွဲ့မှ လ/ထ ဦးစီးမှူး ကိုမျိုးချစ်နိုင်ပါ တပ်ဖွဲွ့ဝင်များ ပူးပေါင်း၍ သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် SURF မော်တော်ယာဉ်ပေါ် လိုက်ပါသူ သံဃာနှစ်ပါး အပါအဝင် အမျိုးသား ၆ ဦးအနက် ဥူးစိတ္တ(ခ)ဦးသန်းဝင်း သက်တော် ၆၀ နှစ်၊ ၀ါတော် ၁၆ နှစ်၊ မင်းတဲဦးကျောင်းတိုက်၊ ဒိုက်ဦးမြို့နေသူတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဒူးနာကျင်၊ နဖူးပေါက်ပြဲဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူသွားခဲ့ပြီး ယာဉ်မောင်း ကိုဘိုဘို အမှတ်(၆) ရပ်ကွက် ဒိုက်ဦးမြို့နေသူတွင် နဖူးထိပ်ပေါက်ပြဲဒဏ်ရာ၊ နားနှင့်ပါးစပ်တို့တွင် ပေါက်ပြဲဒဏ်ရာဖြင့် လည်းကောင်း၊ ကိုမောင်အေး ၅၀ နှစ်၊ အမှတ်(၆)ရပ်ကွက် ဒိုက်ဦးမြို့နေသူတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နဖူးထိပ် ပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း၊ ဦးဘိုသောင်း ၈၀ နှစ်(ဘ)ဦးခန့်စိန်၊ ဗိုလ်မင်းရောင်လမ်း (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ် နေသူတွင် နဖူးထိပ် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဂျိုဇောင်း ပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း အသီးသီး ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ မော်တော်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ အမိုးများ ပိန်ချိုင့် တံခါးများ ပျက်စီး၍ ကာလတန်ကြေး ကျပ်သိန်း ၃၀ ခန့်ပျက်စီးဆုံးရှုံး သွားခဲ့ကြောင်း၊ သေဆုံးသူလေးဦး အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးတို့အား အမြန်လမ်းတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ရေတာရှည်မြို့နယ် ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးအား နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံသို့ ထပ်မံလွှဲပြောင်း ကုသပေးထားခဲ့ရကြောင်း သာဂရ အမြန်လမ်းမကြီး ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်၍ လူသေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုဘိုဘိုအား ဥပဒေအရ အရေးယူပေးရန် ရဲအုပ်ကျော်စွာလတ်မှ တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် သာဂရ အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၂/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
