ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နှင့် သန်လျင်-ကျောက်တန်း မြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်ရောင်းချ ပေးလျက်ရှိပြီး မိသားစု လစဉ်ဝင်ငွေ သုံးသိန်းကျော်ရှိရုံဖြင့် အိမ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အိမ်ခန်းဝယ်ယူလိုသူများ အနေဖြင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်၍ ဘဏ်စုဆောင်းငွေ အနည်းဆုံး ကျပ်သိန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိရမည်ဖြစ်ပြီး နှစ်ရှည်အိမ်ရာ ချေးငွေရယူ၍ အိမ်ခန်းဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများ အနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်ရှိ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲတွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂၂၈/၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲတွင်လည်းကောင်း စုံစမ်းနိုင်ကြောင်း သိရသည်။
တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်း ဝယ်ယူသူများကို ဝယ်ယူသည့် အိမ်ခန်းများတွင် အမြန်ဆုံး နေထိုင်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး လက်ရှိရောင်းချခဲ့သည့် ဒုတိယအသုတ် ဝယ်ယူထားသူများအား လာမည့် စက်တင်ဘာလကုန်ပိုင်းအတွင်း အိမ်ခန်းများ အပ်နှံနိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဇွန် ၄ ရက်က ရောင်းချတဲ့ ဒုတိယအသုတ် အိမ်ခန်းဝယ်ယူခွင့် ရသူတွေအတွက် လာမယ့် စက်တင်ဘာ လကုန်အမီ အိမ်ခန်းတွေ အပ်နိုင်အောင် လိုအပ်တဲ့အပိုင်းတွေ အကုန်ပြင်ဆင်နေပါတယ်။ အိမ်ခန်းဝယ်တဲ့သူတွေ အနေနဲ့ အမြန်ဆုံး အိမ်ပေါ်တက်နေနိုင်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူနိုင်ရန် ကနဦး ပေးသွင်းငွေ (Down Payment) ကို တန်ဖိုးနည်း အိမ်ခန်းအတွက် ရာခိုင်နှုန်း ၂၀၊ တန်ဖိုးသင့် အိမ်ခန်းအတွက် ရာခိုင်နှုန်း ၃၀ ပေးသွင်း၍ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် အိမ်ခန်းပေါင်း ၃၂၅ ခန်းကို ဒုတိယအသုတ်အဖြစ် ဇွန် ၄ ရက်က ရန်ကုန်မြို့ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ၌ မဲနှိုက်ရောင်းချခဲ့သည်။
အဆိုပါ အိမ်ခန်းများ မဲနှိုက်ရောင်းချခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်ရှိသူ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများကို တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများအား ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှု ကော်မတီက ဒုတိယ အသုတ်အဖြစ် မဲနှိုက်ရောင်းချ ခဲ့ခြင်းဖြစ်သည်။
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်း ဝယ်ယူသူများကို ဝယ်သူသည့် အိမ်ခန်းများတွင် အမြန်ဆုံး နေထိုင်နိုင်ရေး အတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး လက်ရှိရောင်းချခဲ့သည့် ဒုတိယအသုတ် ဝယ်ယူထားသူများအား လာမည့် စက်တင်ဘာလကုန်ပိုင်းအတွင်း အိမ်ခန်းများ အပ်နှံနိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
