လျှပ်စစ်မီတာ တင်ဒါကိစ္စနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးရန်ဖိတ်ခေါ်ကြောင်း EVER METER ကုမ္ပဏီတာဝန်ရှိသူ၏ ပြောကြားချက်နှင့်ပတ်သက်၍ တုန့်ပြန်စရာမရှိကြောင်းနှင့် ရှင်းရှင်းလင်းလင်း ရှင်းပြပြီးသားဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
နေပြည်တော်၌ သြဂုတ် ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်သို့ တက်ရောက်လာသည့် ဒုတိယဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဘာမှတုန့်ပြန်စရာ မရှိပါဘူး။ အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးသားဖြစ်ပါတယ်။ သေသေချာချာပြန်ပြီး နားထောင်ကြည့်ရင် ရပါတယ်။
ဘာမှပြောစရာ မရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီမှာ အားလုံးရှင်းပြပြီးပြီ ဖြစ်တဲ့အတွက်ကြောင့်" ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
မီတာတင်ဒါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၇ ခုနှစ်အတွင်း ခေါ်ယူခဲ့သည့် မီတာတင်ဒါတစ်ခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦးအနက် ကုမ္ပဏီနှစ်ခုသာ နည်းပညာပိုင်ဆိုင်ရာ အောင်မြင်ခဲ့ပြီး ယင်းကုမ္ပဏီနှစ်ခု၏ စျေးနှုန်းကို ယှဉ်ပြိုင်သူ အားလုံးရှေ့တွင် ဖွင့်ဖောက်ရာ Alpha Power အမည်ရှိ ကုမ္ပဏီမှ ကျပ် ၈ ဒသမ ၁ ဘီလျံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်၏ စျေးနှုန်းသည် ၁၃ ဒသမ ၄ ဘီလျံခန့်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီလိတက်၏ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီမှာ ယှဉ်ပြိုင်ဘက်ထက် စျေးနှုန်း ၅၃၄၃ သန်းပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီးထံ ကုမ္ပဏီတစ်ခု၏ အမည်ဖြင့် ယင်းတင်ဒါကို ပြန်လည်စိစစ်ပေးရန် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ကန့်ကွက်စာပေးပို့မှုအပေါ် Alpha Power ကုမ္ပဏီက ပြည်ထောင်စုဝန်ကြီးအား ယှဉ်ပြိုင်မှုရလဒ်အတိုင်း အတည်ပြုပေးရန် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၎င်းတို့၏ မီတာများကို ဦးစားပေး ရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံတင်ပြခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီး ပြောကြားခဲ့သည့် မီတာခငါးဘီလျံ သက်သာသည်ဆိုသော ပြောကြားချက်၊ ၂၀၁၆ ခုနှစ်မတိုင်မီ တပ်ဆင်ခဲ့သည့် မီတာများထက် ပို၍ အရည်အသွေး မြင့်မားသည့် မီတာများကို ယခင်စျေးနှုန်းထက် ၅၀ ရာခိုင်နှုန်းခန့်သာ ရရှိသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်ခဲ့ကြောင်း ပြောကြားချက်နှင့် တင်ဒါဝယ်ယူခြင်းများက တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည်ဆိုသော စသည့်ပြောကြားချက်များကို တစ်ဖက်နှင့်တစ်ဖက်မည်သူများသည် မှန်သည်ပြောမည့်အစား အဖွဲ့အစည်းပေါင်းစုံအရှေ့တွင် မျက်နှာချင်းဆိုင်တွေ့ဆုံ၍ ဒီမိုကရေစီနည်းကျကျ ရှင်းလင်းရန် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကို ဖိတ်ခေါ်ကြောင်း EVER METER ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင် သြဂုတ် ၂၅ ရက်က ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အခု ကျွန်တော်တို့က တင်ဒါစည်းကမ်းများအတိုင်း အတိအကျ လိုက်နာဆောင်ရွက်တာကို အများပြည်သူတွေ၊ နိုင်ငံတော်မှ တာဝန်ရှိသူတွေ လွှတ်တော်နာယကနဲ့ ပြည်သူ့ကိုယ်စားလှယ်များ ထင်ယောင်ထင်မှားဖြစ်အောင် ပြည်ထောင်စုလွှတ်တော်ထဲမှာ သြဂုတ် ၂၁ ရက်က ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မီတာတင်ဒါကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားသွားတဲ့ စကားတွေကို တာဝန်ယူရပါလိမ့်မယ်" ဟု ဦးမျိုးအောင်က ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်၌ ဒေါက်တာထွန်းနိုင်၏ ပြောကြားချက်များကို နိုင်ငံတော်အစိုးရ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်ကို ကိုယ်တိုင် သုံးစွဲနေကြသည့် ပြည်သူများ အမှန်အတိုင်း သိစေရန်နှင့် လျှပ်စစ်ဆိုင်ရာ ကိစ္စများမှန်မှန်ကန်ကန် ဖြစ်စေရန် သတင်းစာရှင်းလင်းရခြင်းဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
