Top News

မကွေးတိုင်း မင်းလှမြို့နယ်တွင် ကျောက်မီးသွေးတွင်း ပြိုကျပြီး လူလေးဦး ပိတ်မိနေ
24htopnews | November 29, 2024 7:12 PM CST

မကွေးတိုင်း မင်းလှမြို့နယ်တွင် ကျောက်မီးသေးတွင်း ပြိုကျပြီး လူလေးဦး ပိတ်မိနေကြောင်း ကနဦးသတင်းအရ သိရသည်။

မကွေးတိုင်း​ဒေသကြီး မင်းလှမြို့နယ် ဆပ်ပြာကျေးရွာနှင်​့ ငါးမိုင်ခန့်အကွာ အင်ကြင်းတောင် ကျောက်မီးသွေးလုပ်​ကွက်တွင် သြဂုတ်​ ၂၅ ရက် ညပိုင်းက ​ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် လူလေးဦး ပိတ်မိနေပြီး ယနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။

အနက် ပေ ၆၀၀ ခန်​့ရှိ ​ကျောက်​မီး​သွေးတွင်းအတွင်းသို့ ကန်မှ​ ပေါက်ကျသော​ရေနှင့် ရိုးရေများ ဝင်ရောက်ခဲ့ရာမှ တွင်းပြိုကျခဲ့ခြင်း ဖြစ်ကြောင်း၊ ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ရန် ရေများခမ်းချိန်အထိ​စောင့်ဆိုင်းနေခဲ့ရကြောင်း ကနဦးသိရသည်။

 


READ NEXT
Cancel OK