မိုးမိတ်မြို့နယ်တွင် အရက်သောက်သည်ကို ခေါ်ယူဆုံးမသည့် ရဲအုပ်နှင့် ဒုရဲအုပ်အား ရဲအရာခံတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ရာ တစ်ဦး သေဆုံးပြီး ၄င်းကိုယ်တိုင် သေနတ်ဖြင့်ပစ်ပြီး အဆုံးစီရင်မှု သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။
သြဂုတ် ၂၅ ရက် ည ၉ နာရီခန့်တွင် မိုးမိတ်ပြည်သူ့ဆေးရုံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရဲအုပ်တစ်ဦးနှင့် ရဲအရာခံတစ်ဦးတို့အပြင် သေနတ်ဒဏ်ရာ ရရှိထားသည့် ဒုရဲအုပ်တစ်ဦးတို့ ရောက်ရှိနေကြောင်း သက်ဆိုင်ရာ မြို့နယ်စခန်းမှ သတင်းရသဖြင့် သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူ နှစ်ဦးမှာ မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စု၊ မိုးမိတ်လှုပ်ရှားတပ်ဆွယ်မှ ရဲအုပ်သန့်ဇော်မိုးနှင့် ရဲအရာခံ ငြိမ်းချမ်း ဖြစ်ပြီး သေနတ်ဒဏ်ရာ ရရှိထားသူမှာ ဒုရဲအုပ် ရန်မျိုးထွေး ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးရာ မိုးမိတ်မြို့၏ တောင်ဘက် တစ်ဖာလုံအကွာ၊ ရွာတော်လေးရပ်၊ တောင်ပိုင်းရပ်ကွက်၊ မိုးမိတ်မြို့ (KF-618567) ၄င်းအဖွဲ့တွင် ရဲအုပ် သန့်ဇော်မိုး၊ ဒုရဲအုပ် ရန်မျိုးထွေး၊ ရဲအရာခံ ငြိမ်းချမ်းနှင့် အခြားရဲတပ်ဖွဲ့ဝင်များမှာ တာဝန်ထမ်းဆောင်လျှက်ရှိရာမှ မူးယစ် တပ်ဖွဲ့စုရုံးတွင် ဒုရဲအုပ် ရန်မျိုးထွေးမှ ရဲအရာခံ ငြိမ်းချမ်းအား အရက်သေစာ သောက်စားပြီး တပ်ပြင်သွားလာသည့်ကိစ္စနှင့် ပတ်သတ်ပြီး ခေါ်ယူဆုံးမရာမှ ၄င်းတို့နှစ်ဦးမှာ စကားများခဲ့ကြောင်း၊ ယင်းသို့ စကားများစဉ် ရဲအုပ် သန့်ဇော်မိုးမှ ရဲအရာခံ ငြိမ်းချမ်းအား ဆုံးမရန် ခေါ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ထိုသို့ ခေါ်ယူစဉ် ရဲအရာခံ ငြိမ်းချမ်းမှ မကျေမနပ်ဖြစ်ကာ ရဲအုပ် သန့်ဇော်မိုးနှင့် ဒုရဲအုပ် ရန်မျိုးထွေးတို့အား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်ခဲ့သဖြင့် ရဲအုပ် သန့်ဇော်မိုးမှာ ဝဲလက်မောင်းမှ ကျည်ဖောက်ထွက်ပြီး ဝဲဘက်နံကြား ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ကာ ဒုရဲအုပ် ရန်မျိုးထွေးမှာ ဝဲဘက်နံရိုးဘေးမှ ယာဘက်နံရိုးဘေး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိပြီး (စိုးရိမ်ရ) အနေအထားဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ယင်းအပြင် ရဲအရာခံ ငြိမ်းချမ်းမှာ မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့ရာ ရင်ဘတ် အလယ်တည့်တည့်မှ ဖောက်ဝင်ပြီး ကျောမှ ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
" ဖြစ်စဉ်ကိုတော့ စုံစမ်းနေတုန်းပါဘဲ။ စစ်ဆေးနေတုန်း ရှိပါသေးတယ်။ ဖြစ်စဉ်ကိုတော့ စစ်ဆေးတုန်း ရှိပါသေးတယ်" ဟု မိုးမိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
