ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် (၅)၏ အကောင်းဆုံးအသင်းတွင် လီဗာပူးလ်အသင်းမှ ကစားသမား(၂)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ပွဲစဉ်အလိုက် အကောင်းဆုံးအသင်းကို ရွေးချယ်ထုတ်ပြန်လျက်ရှိရာ ပွဲစဉ်(၅)၏ အကောင်းဆုံးအသင်းကို ရွေးချယ်ရာ၌ ကလပ်အသင်း(၁၀)သင်းမှ ကစားသမားများ ပါဝင်ခဲ့ပြီး လီဗာပူးလ်အသင်းမှ ဂိုးသမား ကယ်လေဟာနှင့် ကွင်းလယ်ကစားသမား အယ်လစ္စတာတို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
UEFA ၏ နည်းစနစ်လေ့လာရေးအဖွဲ့က ချန်ပီယံလိဂ်အကောင်းဆုံးအသင်းကို (၄-၃-၁-၂)ပုံစံဖြင့် ရွေးချယ်ခဲ့ရာ ဂိုး - ကယ်လေဟာ(လီဗာပူးလ်)၊ နောက် - ဘန်စီဘေနီ(ဒေါ့မွန်)၊ ကင်မင်ဂျေး (ဘိုင်ယန်)၊ ကူဘာဆီ(ဘာစီလိုနာ)၊ တင်ဘာ(အာဆင်နယ်)၊ လယ် - တေးလ်မန်း(PSV)၊ ကရူနစ်(ဇဗက်ဒါ)၊ အယ်လစ္စတာ(လီဗာပူးလ်)၊ ဗက်ဇ်(လေဗာကူဆင်)၊ ရှေ့ - အယ်လ်ဗာရက်ဇ်(အက်သလက်တီကို)၊ ရယ်တီဂူ(အတ္တလန်တာ)တို့ဖြစ်သည်။
တေးလ်မန်းနှင့် ဗက်ဇ်တို့သည် ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
