ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကျေးရွာအုပ်စု သုံးခု ပိုင်ဆိုင်ထားသည့် စားကျက်မြေများကို လယ်မြေအဖြစ် လုပ်ကိုင်စားသောက်နေကြသဖြင့် စားကျက်မြေအတွက် အခက်အခဲ ဖြစ်နေကြောင်းနှင့် သက်ဆိုင်ရာက ဖြေရှင်းပေးစေလိုကြောင်း ဒေသခံများ ပြောကြားသည်။
အဆိုပါ စားကျက်မြေများကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက စားကျက်မြေအဖြစ် ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် လယ်သမားအချို့က လုပ်ကိုင် စားသောက်နေကြသည့်အတွက် ကျေးရွာသားများ ပိုင်ဆိုင်သော ကျွဲ၊ နွားများမှာ စားကျက်မြေ မရှိဖြစ်ကာ ရွာနှင့် လေးငါးမိုင်ရှိ တောအတွင်းသို့ ကျွဲနွားများ လွှတ်တင်ထားရသဖြင့် သေဆုံးမှုများ ဖြစ်ပေါ်ကြောင်း သိရသည်။
ပြင်ယင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က “ရွာသူကြီးခေတ်ကတည်းက မြေပုံဆွဲထားတာ ကျွန်တော်တို့မှာ ရှိတယ်။ ပါတီကောင်စီ ခေတ်ကလည်း အထောက်အထားတွေ ရှိတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ပြင်ယင်းကျေးရွာအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာအုပ်စု၊ ထိန်ပင်အုပ်စုက စားကျက်ကို ထောက်လှမ်းရေးက သိမ်းထားပြီး လုပ်ကိုင် စားသောက်နေကြတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကို ပြန်ပေးဖို့ စာထုတ်တာ နှစ်ကြိမ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကျွဲနွားတွေကို စားကျက်မှာ ထားလို့မရဘူး ဖြစ်နေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ်ပေမယ့် စားကျက်ကို ကျွန်တော်တို့ ပြန်မရနိုင်ဘူး။ လယ်သမား ၂၉ ဦး က အဲဒီစားကျက်ကို လယ်လုပ်ကိုင်နေကြတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်နေရပါတယ်။ ကျွဲနွားတွေ စားကျက် မရှိတဲ့အတွက် ကျွဲနွားတွေ သေဆုံးမှုတွေ ရှိတယ်။ စားကျက်ခက်ခဲနေတယ်” ဟု ပြောကြားသည်။
အလားတူစွာပင် ရွှေတောင်ကျေးရွာသား ဦးစိန်လှကျော်ကလည်း အဆိုပါ စားကျက်မြေများကို ၁၉၉၉ ခုနှစ်ကတည်းစ၍ ဌာနဆိုင်ရာများက သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ သိမ်းလိုက်သည့်အတွက်၊ စားကျက်မြေ မရှိတော့သည့်အတွက် တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ကျွဲနွားများကိုလည်း တိုးချဲ့မွေးမြူရန် အဆင်မပြေသကဲ့သို့ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“စားကျက်မြေအဖြစ် ပြန်လည် လုပ်ဆောင်ပေးမှသာ ကျွန်တော်တို့မှာ ထွက်ယက်စိုက်ပျိုးဖို့အတွက် အသုံးပြုတဲ့ ခိုင်း၊ ကျွဲနွားတွေကို ကောင်းကောင်းမွန်မွန် မွေးမြူနိုင်မှာ ဖြစ်ပါတယ်။ အစိုးအနေနဲ့ ဖြစ်ဖြစ် သက်ဆိုင်ရာဌာန အနေနဲ့ဖြစ်ဖြစ် စားကျက်ကို စားကျက်အဖြစ် ပြန်လည် ထားပေးစေလိုတယ်။ ရွာသားများအားလုံးနဲ့ သက်ဆိုင်တဲ့ စားကျက်မြေ ဖြစ်စေလိုပါတယ်။ ဒါမှလည်း ကျွန်တော်တို့ အဆင်ပြေမှာပါ” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
