Top News

■ လာလီဂါပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက် 
24htopnews | November 29, 2024 8:12 PM CST

ဘာစီလိုနာ - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၇:၃၀ နာရီ)

လာလီဂါမှာ ယမားလ်မပါတာနဲ့ ဘာစီလိုနာအနိုင်မရတာ အစွဲတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာလည်း ဦးဆောင်ဂိုးတွေရပြီးမှ (၂-၂) ဂိုးသရေနဲ့ကျေနပ်လိုက်ရလို့ ချန်ပီယံမျှော်လင့်ချက်အတွက် အတော်လေး နစ်နာခဲ့ရတယ်။ အခု လက်စ်ပါမားစ်နဲ့ပွဲမှာတော့ (၂)ပွဲဆက်နိုင်ပွဲပျောက်မှုအဆုံးသတ်သွားအောင်လုပ်ပြဖို့လိုလာပြီပဲဖြစ်တယ်။ နောက်ဆုံးကစားထားတဲ့ လာလီဂါပွဲတွေမှာဆို ဘာစီလိုနာခံစစ်ကလည်း တစ်ဦး ချင်းအမှားတွေပိုများလာတယ်။ နောက်ဆုံးနိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ပွဲတိုင်းကိုလည်း ဂိုးပေးထားရလို့ အခုလက်စ်ပါမားစ်နဲ့ပွဲမှာ ခံစစ်ကိုပိုသတိထားရတော့မယ်။ လက်စ်ပါမားစ်ကလည်း ဒီရာသီခြေစွမ်းမဆိုးလှဘူး။ ဒါပေမဲ့ ခံစစ်ပိုင်းအားနည်းမှုက ဘာစီလိုနာရဲ့တိုက်စစ်ကို ထိန်းထားဖို့မဖြစ်နိုင်လောက်ဘူးထင်တယ်။ ဂိုးများပြီး ဘာစီလိုနာနိုင်ပွဲပြန်ယူမယ့်ပွဲလို့ထင်တယ်။



အလာဗတ်စ် - လီဟာနက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၉:၄၅ နာရီ)

အဝေးကွင်းအားနည်းပေမယ့် အလာဗတ်စ်ရဲ့အိမ်ကွင်းက စားပုံမဆိုးဘူး။ လီဟာနက်စ်နဲ့ တွေ့ဖူးတဲ့အစဉ်အလာတွေအရလည်း အသာစီးရထားတယ်။ လီဟာနက်စ်ကလည်း အဝေးကွင်း ဆိုခံစစ်အားနည်းတတ်တဲ့အပြင် အစဉ်အလာကလည်းစကားပြောသွားနိုင်လို့ အိမ်ရှင်အလာဗတ်စ်နဲ့ဂိုးအနည်းပဲရွေးမယ်။



အက်စ်ပန်ညို - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၁၂:၀၀ နာရီ)

တောက်လျှောက်ရှုံးပွဲဆက်နေတဲ့ အက်စ်ပန်ညိုဒီတစ်ပွဲတော့ အိမ်ကွင်းမှာ ပိုအားစိုက်လာဖို့များတယ်။ ဆယ်လ်တာဗီဂိုကလည်း ခြေပြန်တက်သလိုတွေ့ရပေမယ့် အဝေးကွင်းစိတ်မချရတဲ့အပြင် ခံစစ်ကလည်း အားနည်းသွားတတ်တယ်။ ဒါကြောင့် အက်စ်ပန်ညို တိုက်စစ်ဂိုးရ၊ မရက ဒီပွဲရဲ့အဓိကအဖြေဖြစ်လာမှာပါ။ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲရွေးထားသင့်တဲ့ပွဲလို့ ထင်တယ်။



ဗယ်လာဒိုလစ် - အက်သလက်တီကို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် နံနက် ၂:၃၀ နာရီ)

အက်သလက်တီကိုကလည်း ရီးယဲလ်လို တဖြည်းဖြည်းနဲ့ ပုံမှန်ခြေစွမ်းမျိုးပြန်ရလာနေတယ်။ ခံစစ်ပိုင်းပြန်ငြိမ်လာပြီး တိုက်စစ်ကတော့ ဂိုးတွေသိပ်မရပေမယ့် အနိုင်ရအောင်ကစားလာနိုင်တာ တွေ့ရတယ်။ အခုတွေ့မယ့် ဗယ်လာဒိုလစ်ကလည်း အစဉ်အလာအရအက်သလက်တီကိုကပဲ အသာစီးရထားတဲ့အသင်းဖြစ်လို့ အက်သလက်တီကိုအတွက် စိုးရိမ်စရာမရှိပါဘူး။ အက်သလက်တီကိုပဲ နိုင်ပွဲယူမှာပါ။ ဂိုးတော့ နည်းမယ်။ 


READ NEXT
Cancel OK