Top News

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
24htopnews | November 29, 2024 8:12 PM CST

ဘရန့်ဖို့ဒ် - လက်စတာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၉:၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းက နောက်ဆုံးပွဲမှာ အဲဗာတန်ကို သရေကျထားတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေထဲမှာ မန်ယူနိုက်တက်ကို (၁-၂) နဲ့ ကပ်ရှုံးတဲ့ပွဲ၊ အစ်ဝစ်ချ်ကို (၄-၃) နဲ့ နိုင်တဲ့ပွဲနဲ့ ဘုန်းမောက်ကို (၃-၂) နဲ့ နိုင်တဲ့ပွဲတွေမှာ သူတို့အသင်းရဲ့ မာကျောမှုနဲ့ စိတ်ဓာတ်ကောင်းကို ပြသနိုင်ခဲ့တယ်။ လက်စတာက နည်းပြ ကူးပါးကို ရာထူးကထုတ်ပယ်လိုက်ပါပြီ။ အသင်းက အခြေအနေသိပ်မကောင်းဘူး။ ဘရန့်ဖို့ဒ်ပဲ နိုင်လိမ့်မယ်။ 



ခရစ္စတယ်ပဲလေ့စ် - နယူးကာဆယ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၉:၃၀ နာရီ)

ပဲလေ့စ်က နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ အသင်းကောင်းတစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာကို (၂-၂) သရေကစားနိုင်ခဲ့တာကို တွေ့ရတယ်။ နယူးကာဆယ်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ပွဲတုန်းက မာတီတာရဲ့ အကောင်းဆုံးပုံစံ၊ သွင်းဂိုး (၂) ဂိုးနဲ့အတူ (၂-၀) ဂိုးနဲ့ အနိုင်ရထားပြီး အခုဒီပွဲမှာတော့ နယူးကာဆယ်က နည်းနည်းလေးပိုကောင်းတဲ့ အနေအထား ဖြစ်တယ်။ ဒါပေမဲ့ ပဲလေ့စ်အိမ်ကွင်းဖြစ်နေတာကြောင့် သရေကျဖို့များတယ်။ 



နော်တင်ဟမ်ဖောရက်စ် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၉:၃၀ နာရီ)

နော်တင်ဟမ်က ဒီရာသီမှာ ပုံစံကောင်းပြနေတဲ့အသင်းလို့ ပြောလို့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ Mix Performance လို့ ပြောရမယ်။ နိုင်ပွဲတွေ ဆက်တိုက်ယူခဲ့ပြီးနောက် နယူးကာဆယ်နဲ့ အာဆင်နယ်တို့ကို ဂိုးပြတ်ရှုံးပွဲတွေ တွေ့ခဲ့တယ်။ အစ်ဝစ်ချ်က ပုံစံကောင်းပြနေပြီး ဒီလပ်၊ ဟတ်ချင်ဆန်တို့ ခြေစွမ်းပြနေတဲ့အသင်းပါ။ (၃) ပွဲဆက်ရှုံးပွဲမရှိလည်း ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ နော်တင်ဟမ်နိုင်ပွဲ ပြန်ရှာမယ်ထင်တယ်။ 



ဝုလ်ဗ် - ဘုန်းမောက် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၉:၃၀ နာရီ)

ဝုလ်ဗ်က ဒီရာသီ အစောပိုင်းပွဲစဉ်တွေမှာ တော်တော်လေး ရလဒ်ကျဆင်းခဲ့ပြီး ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ ့နောက်ပိုင်းပွဲတွေမှာတော့ သူတို့အသင်းရဲ့ အကြမ်းခံမှု၊ မာကျောမှုကို ပြသနိုင်ခဲ့ပြီး နောက်ဆုံး  (၄) ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့သလို၊ နောက်ဆုံး (၂) ပွဲဆက် နိုင်ပွဲရခဲ့တယ်။ ဘုန်းမောက်ကလည်း ပုံစံကောင်းပြနေရာက ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းကောင်းပါတယ်။ သရေကျဖို့များတယ်။ 



ဝက်စ်ဟမ်း - အာဆင်နယ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် ည ၁၂:၀၀ နာရီ)

အာဆင်နယ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နော်တင်ဟမ်အသင်းကို ဂိုးပြတ်သွင်းခဲ့သလို၊ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း စပို့တင်းလစ္စဘွန်းလို အသင်းကောင်းကို (၅-၁) ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တယ်။ အာဆင်နယ်က လူပြန်စုံလုနီးပါးဖြစ်လာသလို၊ အကောင်းဆုံးပုံစံကိုလည်း ပြန်ရလာတာတွေ့ရတယ်။ ဒီပွဲလည်း အာဆင်နယ်ပဲ နိုင်ပွဲဆက်မယ်။ 


READ NEXT
Cancel OK