Top News

■ ကီဝီယောကို အငှားဖြင့်ခေါ်ယူရန် စီးရီးအေကလပ်များ စိတ်ဝင်စား
24htopnews | November 29, 2024 8:12 PM CST

စီးရီးအေကလပ် နာပိုလီနှင့် ဖီအိုရင်တီးနားအသင်းတို့သည် အာဆင်နယ်အသင်းမှ ပိုလန်နောက်ခံလူ ကီဝီယောကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အငှားစာချုပ်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ပိုလန်လက်ရွေးစင် ကီဝီယော(၂၄ နှစ်)သည် အာဆင်နယ်အသင်းနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသော်လည်း အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရနေသူဖြစ်သည် 

ထို့ကြောင့် စီးရီးအေကလပ်များသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်းအား အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

အသက် (၂၄) နှစ်အရွယ်ရှိ ပိုလန်နောက်ခံကစားသမား ကီဝီယောသည် စီးရီးအေကလပ် ဗင်နီဇီယာအသင်းတွင် ကစားခဲ့ဖူးသူဖြစ်သည်။ 

စီးရီးအေတွင် ခြေစွမ်းပြခဲ့ဖူးသည့် ကီဝီယောကို အာဆင်နယ်အသင်းကလည်း လာမည့်ဇန်နဝါရီတွင် အငှားချဖွယ်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK