လီဗာပူးလ်အသင်း၏ ဂိုးသမားဟောင်း ကာရီးယပ်စ်သည် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေကြောင်း သိရသည်။
ဂျာမနီဂိုးသမား ကာရီးယပ်စ်သည် အသက်(၃၁)နှစ်သာ ရှိသေးသော်လည်း ပြီးခဲ့သည့်နွေရာသီတွင် နယူးကာဆယ်နှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
၎င်းအနေဖြင့် လက်ရှိအချိန်ထိ အသင်းသစ်ရှာဖွေနိုင်ခြင်းမရှိသည့်အတွက် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ကာရီးယပ်စ်သည် ၎င်းအား ခေါ်ယူရန် ကမ်းလှမ်းသည့်အသင်း မရှိခဲ့ပါက ကစားသမားဘဝမှ အနားယူ၍ DJ တစ်ဦးအဖြစ် ဘဝသစ် စတင်ရန် စိတ်ကူးထားကြောင်းလည်း သိရသည်။
ကာရီးယပ်စ်သည် လီဗာပူးလ်အသင်းတွင် ကစားစဉ်က ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းအား (၃-၁) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် မဖြစ်သင့်သည့် အမှားများ ကျူးလွန်ခဲ့သည်။
၎င်းသည် အဆိုပါပွဲစဉ်ပြီးကတည်းက ပုံမှန်လက်စွမ်းပြသနိုင်ခဲ့ခြင်းမရှိတော့ဘဲ လက်ရှိတွင် အသင်းလက်မဲ့ဘဝ ရောက်ရသည့်အထိ အခြေအနေဆိုးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
