ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်သည် တံကောက်ကြောဒဏ်ရာကြောင့် ယခုနှစ်အတွင်း ပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ လာမည့်နှစ်မှ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရီးစ်ဂျိမ်းစ်သည် ပြီးခဲ့သည့်ရာသီကလည်း ကာလရှည်အနားယူနေခဲ့ရသူဖြစ်ပြီး ယခုရာသီတွင်လည်း ဒဏ်ရာပြဿနာနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။
ယခုကဲ့သို့ ဒဏ်ရာပြဿနာများနှင့် ဆက်တိုက်ရင်ဆိုင်နေရခြင်းကြောင့် ချယ်လ်ဆီးအသင်းက ၎င်းကို အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားရန် စဉ်းစားနေပြီဖြစ်ကြောင်းလည်း သိရသည်။
အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား ရီးစ်ဂျိမ်းစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းတွင် ပြိုင်ပွဲစုံ (၄) ပွဲ၊ မိနစ်အားဖြင့် (၆၅၄)မိနစ်သာ ကစားခွင့်ရထားသူဖြစ်သည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ရီးစ်ဂျိမ်းစ်၏ ကြံ့ခိုင်မှုအနေအထားကို စိတ်ပျက်နေပြီး အဆင်ပြေပါက ရောင်းထုတ်ရန်ပါ ဆန္ဒရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
