ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား စီရော်နယ်လ်ဒိုထက် ပိုမိုမြင့်မားသည့် လစာဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၃၂) နှစ်အရွယ် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် မချုပ်ဆိုဖြစ်ပါက လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရမည်ဖြစ်သည်။
ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် အာရပ်ကမ္ဘာတွင် နာမည်အကျော်ကြားဆုံးဖြစ်သည့် ဆာလာအား ခေါ်ယူရန် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများကတည်းက ကြိုးပမ်းနေခဲ့ကြောင်း သိရသည်။
Daily Mail ၏ ဖော်ပြမှုအရ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်စ်အသင်းသည် ၂၀၂၃ နွေရာသီတွင် ဆာလာအား ခေါ်ယူရန် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ကမ်းလှမ်းခဲ့ဖူးပြီး ထိုစဉ်က လီဗာပူးလ်အသင်းဘက်က ငြင်းပယ်ခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဆာလာက လီဗာပူးလ်အသင်းအနေဖြင့် စာချုပ်သစ်အတွက် ကမ်းလှမ်းမှု မရှိသေးသဖြင့် နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ဝန်ခံခဲ့ရာ ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများက ၎င်းကို အရခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း သိရသည်။
လက်ရှိဘောလုံးလောကတွင် လစာအများဆုံး ရရှိနေသူမှာ အယ်လ်နာဆာအသင်းမှ ကမ္ဘာကျော် ပေါ်တူဂီဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဖြစ်ပြီး တစ်နှစ်လစာ ယူရိုသန်း (၂၀၀) ရရှိနေကြောင်း သိရသည်။
ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများက ဆာလာအား စီရော်နယ်လ်ဒိုထက် မြင့်မားသည့်လစာဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပြီး ဆာလာအနေဖြင့် ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် လက်ခံခဲ့ပါက ကမ္ဘာ့လစာအများဆုံးရ ဘောလုံးသမားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ဆာလာသည် ဆော်ဒီသို့ ပြောင်းရွှေ့ရန် လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆန္ဒရှိနေပြီး အဆင်မပြေပါကလည်း ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းသို့ ပြောင်းရွှေ့ကစားလိုနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
