မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သည့် ရူဘင်အာမိုရင်မ်သည် အသင်း၏ ဘယ်ခြမ်းခံစစ်နေရာကို အားဖြည့်ရန်အတွက် စိတ်ဝင်စားလျက်ရှိပြီး လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၏ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်အား စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ဘင်ချီဝဲလ်သည် ချယ်လ်ဆီးအသင်းတွင် ဘယ်ခြမ်းခံစစ်တွင်သာမက ဘယ်ခြမ်းတောင်ပံခံစစ်ကစားသမား (LWB) အဖြစ် ခြေစွမ်းပြကစားခဲ့ဖူး သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
အာမိုရင်မ်သည် သူ၏ အသင်း အား (၃-၄-၃) ပုံစံကို အသုံးပြုနေသည့် နည်းပြတစ်ဦးဖြစ်ရာ ယင်းအတွက် ဘင်ချီဝဲလ်သည် သင့်တော်သူ အဖြစ် ယူဆနေခြင်းလည်းဖြစ်သည်။
ဘင်ချီဝဲလ်သည် အသင်းကို အန်ဇိုမာရက်စကာ ရောက်ရှိလာခဲ့သည့် နောက်ပိုင်းတွင် ကစားခွင့်လုံးဝမရတော့သည့်အပြင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူဖြစ်သည်။
အန်ဇိုမာရက်စကာကလည်း ဘင်ချီဝဲလ်ကို ဒဏ်ရာမှ သက်သာလာသည့်အချိန်တွင်ပင် အသုံးမပြုတော့ဘဲ အသင်းမှ ထွက်ခွာသွားစေရန် အလိုရှိ နေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
