Top News

■ ချန်ပီယံရှစ်မှ အဝါကတ်အတွက် ဒေးဗစ်ကူတီကို FA ထပ်မံစစ်ဆေး
24htopnews | November 29, 2024 8:12 PM CST

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ဒိုင်လူကြီး ဒေးဗစ်ကူတီအား ချန်ပီယံရှစ်ပွဲစဉ်တစ်ပွဲတွင် အဝါကတ်ပြခဲ့သည့်ကိစ္စအတွက် ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

ဒေးဗစ်ကူတီသည် လီဗာပူးလ်အသင်းနှင့် လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်တို့ကို စော်ကားထားသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှ့ံပြီးကတည်းက ရာထူးမှ ဆိုင်းငံ့ခံထားရပြီး စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ 

လက်ရှိတွင် ဒေးဗစ်ကူတီအား စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ၎င်း၏ အရှုပ်တော်ပုံများမှာ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ယခုအခါ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင်ကစားခဲ့သည့် လိဒ်စ်-ဝက်စ်ဘရွန်းပွဲစဉ်တွင် ကူတီက လိဒ်စ်အသင်းကစားသမား အယ်လီယိုစကီကို ပွဲချိန်အတွင်း အဝါကတ်ပြသခဲ့သည်။ 

ကူတီသည် ယင်းပွဲမတိုင်မီ တစ်ရက်အလိုတွင် အဝါကတ်ပြမည့် ကစားသမားအကြောင်းကို  အွန်လိုင်းတွင် ပရိသတ်တစ်ဦးနှင့် ပြောဆိုခဲ့ပြီး ပွဲပြီးနောက်တစ်ရက်တွင်လည်း အဆိုပါအကြောင်းကို ထပ်မံပြောကြားခဲ့သည့်အတွက် စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK