PSG အသင်း၏နည်းပြ အန်နရီကေးသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်မတက်ပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း သိရသည်။
PSG အသင်းသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ်(၅)တွင် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယား အဆင့်(၂၅)နေရာသို့ ရောက်ရှိနေသည်။
PSG အသင်းသည် ပြင် သစ်လီဂူးပြိုင်ပွဲတွင် ဒုတိယနေရာမှ မိုနာကိုအသင်းကို (၆)မှတ်ဖြတ်ကာ ဦးဆောင်နေသော်လည်း ချန်ပီယံလိဂ်တွင်မူ ရုန်းကန်နေရခြင်း ဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အဆင့်(၂၄) အတွင်း ဝင်ရောက်မှသာ နောက်တစ်ဆင့်တက် ရောက်ခွင့်အတွက် မျှော်လင့်နိုင်မည်ဖြစ်ပြီး PSG အသင်းအနေဖြင့် လက်ကျန်(၃)ပွဲတွင် ဆာလ်ဇ်ဘာ့ဂ်၊ မန်စီးတီး၊ စတုဂတ်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် မလွယ်ကူသည့်အခြေအနေဖြစ်နေသည်။
ထို့ကြောင့် PSG အသင်း တာဝန်ရှိသူများသည် ယင်းအနေအထားတွင် နောက်တစ်ဆင့်တက်ရောက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိပါက အန်နရီကေးကို ရာထူးမှ ထုတ်ပယ်ရန် စဉ်းစားနေကြောင်း မီဒီယာအချို့က ဖော်ပြခဲ့သည်။
ထို့ပြင် PSG အသင်းသည် အန်နရီကေး၏ နေရာ၌ နာမည်ကျော် ပြင်သစ်နည်းပြ ဇီဒန်းကို အစားထိုးခန့်အပ်ရန် စီစဉ်ထားပြီဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
