■ နည်းပြအပြောင်းအလဲအတွက် မန်ယူအသင်း ပေါင်(၂၁)သန်း သုံးစွဲခဲ့ရ
24htopnews | November 29, 2024 8:12 PM CST
မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ကာ အာမိုရင်မ်ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်းအတွက် ပေါင်(၂၁)သန်း သုံးစွဲခဲ့ရကြောင်း The Mirror က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် တန်ဟက်ဂ်နှင့် ၎င်း၏နည်းပြအဖွဲ့ကို ထုတ်ပယ်ခဲ့ခြင်းအတွက် ပေါင်(၁၁.၄)သန်း ပေးချေခဲ့ရပြီး အာမိုရင်မ်နှင့် ၎င်း၏နည်းပြအဖွဲ့ကို ခေါ်ယူခဲ့ခြင်းအတွက် စပို့တင်းလစ္စဘွန်းအသင်းထံ ပေါင်(၁၀)သန်းဝန်းကျင် ပေးချေခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် နည်းပြအပြောင်းအလဲအတွက် ပေါင်(၂၁)သန်းကျော် သုံးစွဲခဲ့ရခြင်းဖြစ်သည်။
မန်ယူအသင်းသည် မော်ရင်ဟိုကို ထုတ်ပယ်ခဲ့စဉ်က လျော်ကြေးအဖြစ် ပေါင်(၁၉.၆)သန်းအထိ ပေးချေခဲ့ရပြီး အသင်း၏သမိုင်းတွင် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
