မြိတ်မြို့ တော်ဝင်ဆေးရုံရှိ ဆေးအရောင်းဝန်ထမ်း နှစ်ဦးတွင် COVID-19 Positive တွေ့ရှိပြီးနောက် ဆေးရုံအား Lockdown ချထားကြောင်း သိရသည်။
မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်းနှင့် မြတ်လေးလမ်းဒေါင့်တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဆေးရုံ တစ်ခုဖြစ်သည့် တော်ဝင်ဆေးရုံတွင် ဆေးအရောင်းဝန်ထမ်း နှစ်ဦးမှာ COVID-19 Positive လူနာအဖြစ် စစ်ဆေးတွေ့ရှိပြီးနောက် ဆေးရုံတစ်ခုလုံးအား တာဝန်ရှိသူများက Lockdown ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆေးကောင်တာရှိ အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ Content အဖြစ် COVID-19 Positive တွေ့ရှိပြီး ဆေးအရောင်းဝန်ထမ်း ရှစ်ဦးအား ထပ်မံစစ်ဆေးရာ နောက်ထပ် အမျိုးသမီးတစ်ဦးတွင် ပိုးထပ်မံတွေ့ရှိခြင်း ဖြစ်ကြောင်းသိရသည်။
“ဘယ်လိုဆောင်ရွက်ထားလဲဆိုတော့ တော်ဝင်မှာ နှစ်ယောက်တွေ့တယ်၊ ဝန်ထမ်းစာရင်း ယူနေတယ်၊ ဖျားနာမှု ရှိ မရှိ စစ်ဆေးနေတယ် ၊ COVID-19 လက္ခဏာနှင့် ပတ်သက်ပြီး ဘာတွေရှိဦးမလဲဆိုတာ စစ်ဆေးနေတယ် သူတို့ဝန်ထမ်းတွေကို ဆေးရုံမှာပဲ Quarantine သီးသန့်ထားလို့ရမလား စီစဉ်နေတယ်၊ လက်ရှိမှာတော့ Lockdown ချထား လိုက်ပါပြီ၊ လက်ရှိမှာ စာရင်းသွားယူနေတာ သူတို့က စာရင်းလာပေးတာ မဟုတ်ဘူး ကျွန်တော်တို့ဆီက ဆရာဝန်အဖွဲ့တွေက သွားရောက်စစ်ဆေးနေတယ်၊ လူနာတွေက ဘယ်နှစ်ယောက်ရှိနေသလဲ၊ ဘယ်လူနာ ဘယ်လိုအခြေနေရှိသေးလဲ၊ ဘယ်လူနာက ဘယ်နေ့မှာ ရက်ပြည့်လို့ ဆင်းရမလဲဆိုတာကို ကျွန်တော်တို့က အခုမှ စစ်ဆေးနေတုန်းပါ ကျွန်တော်တို့ ဘာမှမသိသေးဘူး၊ လူဘယ်နှစ်ယောက်က ဆေးရုံးထဲမှာရှိသလဲ၊ လူနာတွေရော/ ဆရာဝန်တွေရော/ သူနာပြုတွေရော ဘယ်နှစ်ယောက်ရှိနေလဲဆိုတာ မသိရသေးပါဘူး” ဟု မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇင်ကိုအောင်မှ ပြောကြားခဲ့သည်။
တော်ဝင်ဆေးရုံကို Lockdown ချလိုက်သည့်အတွက် ဆေးရုံတွင် ဆေးကုသနေဆဲ လူနာများ၊ ဆေးရုံမှဆင်းရန် ရက်ပြည့်နေ လူနာများ ကျန်နေကြောင်း Lockdown ချထားသည့်ရက်အတွင်း အခန်းခများပေးရမည်ကို စိုးရိမ်မှုဖြစ်နေကြောင်း ဆေးကုသနေသည့် မိသားစုဝင်တစ်ဦးမှ ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ပိုးတွေ့ရှိထားသူ စုစုပေါင်း ၄၂၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၄၂ ဦး ၊သေဆုံးသူ နှစ်ဦးရှိပြီး ကုသဆဲလူနာ ၇၈ ဦးရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
