Top News

မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံ့ဘဏ္ဍာငွေ၊ Gavi, The Vaccine Alliance မှ ထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေများ အသုံးပြုဝယ်ယူမည်
24htopnews | November 29, 2024 9:12 PM CST

မြန်မာနိုင်ငံအတွက် COIVD-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံ့ဘဏ္ဍာငွေ၊ နိုင်ငံ့ဘဏ္ဍာငွေ၊ Gavi, The Vaccine Alliance မှ ထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ အသုံးပြုဝယ်ယူမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ COVID19 ကာကွယ်ဆေး စီမံချက်အတွက် COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ် ဆေးလုပ်ငန်းအဖွဲ့တို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ကို ထပ်မံတိုးချဲ့ဖွဲ့စည်း၍ လုပ်ငန်းများတစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ COVID-19 ကာ ကွယ်ဆေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းအဖွဲ့ခွဲများမှ ဆွေးနွေးအတည်ပြုချက်များအား အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ တင်ပြခဲ့ကြောင်းနှင့် ယင်းအချက်များကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲများက တင်ပြသွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများက ကာကွယ်ဆေးဖြန့်ဝေထိုးနှံမည့် အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များကို ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့်  ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိက ထောက်ပံ့နေသည့် နိုင်ငံ့ဘဏ္ဍာငွေ၊ Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ အတွက် COVID-19 ကာကွယ်ဆေးကို အထူးသက်သာသောနှုန်းထား သို့မဟုတ် အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများရရှိနိုင်ရေးအတွက် နိုင်ငံ့ဘဏ္ဍာငွေ၊ Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်းနှင့်  မြန်မာနိုင်ငံအတွက် COIVD-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံ့ဘဏ္ဍာငွေ၊ နိုင်ငံ့ဘဏ္ဍာငွေ၊ Gavi, The Vaccine Alliance မှ ထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ အသုံးပြုဝယ်ယူမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။

ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးက COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင် ဝယ်ယူရန်ကြိုးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေး ရရှိမှုပမာဏအပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား Hard Immunity ကို အချိန်တိုအတွင်း ရရှိနိုင်မည်မှာ ခက်ခဲကြောင်းနှင့် ပြည်သူလူထုအနေဖြင့် လက်ရှိ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက  ယင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ၉၅ ရာခိုင်နှုန်း အောင်မြင်မှုရှိပြီး ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန်မရှိဟု နောက်ဆုံးရလဒ် ထုတ်ပြန်ခဲ့ပြီးနောက် လာမည့်လတွင် အမေရိကန်နှင့် ဥရောပအာဏာပိုင်များ၏ အရေးပေါ်အသုံးပြုရေး ခွင့်ပြုချက်ရရှိလာနိုင်သည်ဟု ဆေးကုမ္ပဏီများက နိုဝင်ဘာ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။

Pfizer ၏ ကာကွယ်ဆေးစမ်းသပ်မှု၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀ အပါအဝင် လူ ၄၃၀၀၀ ကျော်ပါဝင်ပြီး ကာကွယ်ဆေး အစစ်မဟုတ်ဘဲ အသွင်တူ၍ အာနိသင်မရှိသော ဆေးစမ်းသပ်ခံရသူ ၁၆၂ ဦးရှိပြီး ယင်းစမ်းသပ်မှုရလဒ်များအရ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

 


READ NEXT
Cancel OK