မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးဒေသနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ အတွင်းရှိ ဘုရားစေတီပုထိုးများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ COVID-19 စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
ထိုသို့ဘုရားစေတီပုထိုးများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ COVID-19 စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် လက်ရှိတွင် စီမံချက်ရေးဆွဲ ဆောင်ရွက်နေပြီး အဆိုပါ စီမံချက်အား ယခုတစ်ပတ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် အဖွဲ့စုံဖြင့်လည်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။
“ကျွန်တော်တို့ကို ပြန်ဖွင့်ဖို့ အတွက်ကို လက်ရှိ စီမံချက်ရေးဆွဲနေတုန်း ရှိပါသေးတယ်။ အဲစီမံချက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကို တင်ပြသွားမယ်။ ပြန်ဖွင့်ပြီဆို ပုဂံဒေသကို Stay at Home မကြေညာတဲ့ မြို့နယ်တွေက လာကြမှာဖြစ်တဲ့ အတွက်ကြောင့် နှစ်ပတ်ကြိုတင်ပြင်ဆင်ပြီး ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘုရားတွေ စစ်ဆေးရမယ် အဲဒီအတွက်ကို နှစ်ပတ်အချိန်လိုပါတယ်။ နှစ်ပတ်ဆောင်ရွက်မယ် စီမံချက်ကို ရေးဆွဲနေပါတယ်။ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာက ညွှန်ကြားချက်အပေါ် မူတည်ပါတယ်။ ဒီတစ်ပတ်အတွင်း အဖွဲ့နဲ့ လိုက်စစ်ဆေးမယ်။ လိုက်နာရမယ့် စည်းကမ်းတွေ ရေးဆွဲသွားပါမယ်၊ ပြီးရင် လာတဲ့သူတွေကို Test Kit နဲ့ စစ်ပေးနိုင် ရင်ပိုကောင်းပါတယ်။ ရောဂါပိုး မရှိမှ ဒီမှာ လက်ခံတာ အကောင်းဆုံးပေါ့။ မဟုတ်လို့ရင် ရှိလား မရှိလားမသိ လာကြမယ်၊ ကျန်းမာရေး ညွှန်ကြားချက်နဲ့ ဘယ်လိုပဲ ညီအောင်လုပ်သည်ဖြစ်စေ၊ ဘယ်လောက်ပဲ တင်းကြပ် တင်းကြပ် စည်းကမ်းလိုက်နာမှုက အားနည်းနေကြတယ်။ တတ်နိုင်ရင် လာတဲ့ဒေသကနေ စစ်ပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ရင် ပုဂံ-ညောင်ဦး ဒေသက COVID-19 ဖြစ်ပွားတဲ့ ဒေသကြီး ဖြစ်သွားနိုင်ပါတယ်” ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။
COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဒေသအတွင်းရှိ သမိုင်းဝင်စေတီ၊ ပုထိုးများအတွင်း ဘုရားဖူး ဧည့်သည်များ ဝင်ရောက် ဖူးမြော်ခွင့်ကို ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင်၍ ယာယီပိတ်ထား ခဲ့ရာမှ ဇွန်လတတိယအပတ်မှ စတင်၍ ပုဂံဒေသရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသည် ယာဉ်လိုင်းများ ဖွင့်လှစ်သည့်အတွက် ပြည်တွင်းခရီးသွားများ လာရောက် လည်ပတ်မှုများ ရှိသောကြောင့် ပုဂံဒေသ စည်ကားလာပြီး ယာယီပိတ်ထားသည့် သမိုင်းဝင် တန်ခိုးကြီးဘုရား အချို့မှလည်း ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်၍ အတွင်းသို့ ဝင်ရောက်ဖူးမြော်ခြင်းများ ခွင့်ပြုခဲ့သည်။
ယင်းနောက် ပြည်တွင်း၌ COVID-19 ကူးစက်မြန်ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့် အတွက် ဇူလိုင် ၂၉ ရက်က စတင်၍ ညောင်ဦးဒေသနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ အတွင်းရှိ ဘုရားစေတီပုထိုးများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို ယာယီ ပြန်ပိတ်ထားခဲ့ရာမှ ယခုအခါတွင် COVID-19 စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
