ရွေးကောက်ပွဲကာလတွင် မဲရုံမှူး၊ဒုမဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည့် အခြေခံပညာ ဆရာ ဆရာမ ၅၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း နိုဝင်ဘာ ၂၆ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မဲရုံးမှူး၊ ဒုမဲရုံးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ ဆရာမများ COVID-19 ရောဂါ ကူးစက်ခံထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်သို့ ဆက်သွယ်မှုများရှိနေပြီး လက်ရှိအချိန်ထိ ကူးစက်ခံထားရသူ ၅၀ ကျော် ရှိနေကြောင်း သိရသည်။
ရွေးကောက်ပွဲကာလအတွင်း ရောဂါကူးစက်ခံရသည့် ဆရာ ဆရာမများအနက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဖို့မြေ အခြေခံပညာမူလတန်းကျောင်းတွင် အလယ်တန်းပြ (၂) တာဝန်ထမ်းဆောင်နှင့် ထန်းပင်ကုန်းရက်ကွက် မဲရုံ (၁)တွင် ဒုမဲရုံမှုးတာဝန်ထမ်းဆောင်နေသည့် ဒေါ်အေးအေးမူမှာ နိုဝင်ဘာ ၄ရက်နေ့ နံနက် ၃နာရီတွင် COVID-19 Positive ဖြင့် ကွယ်လွန်သွားခဲ့ကြောင်း၊ အ.ထ.က (၂) ဗိုလ်တစ်ထောင်မှ အလယ်တန်းပြဆရာမတစ်ဦး ထပ်မံကွယ်လွန်ခဲ့သည်အတွက် သေဆုံးသူ နှစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
“အရေအတွက်ကတော့ ကျွန်တော်တို့ အဖွဲ့ကို ဆက်သွယ်လာတာ ၅၀ ကျော်ရှိပါပြီ။ နိုင်ငံတော်က ဘာလုပ်ပေးမလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ လောလောဆယ်တော့ ကျွန်တော်တို့အဖွဲ့ လုပ်နိုင်တာဘဲ လုပ်နေတာပါ။ ပညာရေးဝန်ကြီးဌာနကို အစကတော့ တင်ပြမလို့ဘဲ။ အခုတော့ မတင်ပြတော့ပါဘူး။ ကိုယ်နိုင်သလောက်ဘဲ လုပ်တော့မယ်။ မတင်ပြချင်တော့လို့ပါ။ သေဆုံးသူ နှစ်ယောက်ရှိပါတယ်။ ကြိုတင်မဲကောက်တုန်းက သေဆုံးတဲ့ သန်လျင်က ဆရာမတစ်ယောက်နဲ့ နောက်တစ်ယောက်ကတော့ ရွေးကောက်ပွဲပြီးမှ ဆုံးသွားတာပါ။ အထက (၂) ဗိုလ်တစ်ထောင်က အလယ်တန်းပြ ဆရာမတစ်ယောက်ပါ။ သူ့မိသားစုနဲ့ ကျွန်တော်တို့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်။ အဆင့် နှစ်ဆင့်နဲ့ ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ရှိတယ်။ ကျွန်တော်တို့ဆီရောက်လာတဲ့ စာရင်းတွေမှာ ဖုန်းနံပါတ်တွေပါတယ်။ ဆက်ပြီးတော့ အားပေးစကားပြောကြားတယ်။ နောက်ပြီး ဂုဏ်ပြုငွေ ငါးသောင်း ပေးပို့ခဲ့ပါတယ်” ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။
လက်ရှိတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည့် ဆရာ ဆရာမများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က ကူညီထောက်ပ့ံမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
