COVID-19 ကြောင့် အကျပ်အတည်းဖြစ်ပေါ်နေသည့်ကာလတွင် အစိုးရအနေဖြင့် အလုပ်အကိုင်နှင့် အိမ်ထောင်စုများ၏ ဝင်ငွေကို အကာအကွယ်ပေးခြင်းနှင့် အခြားအလားအလာရှိသော စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရခြင်းမဖြစ်စေရန် အကာအကွယ်ပေးမှုတို့အပေါ် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း OECD ရင်းနှီးမြှုပ်နှံမှုမူဝါဒ လေ့လာသုံးသပ်ချက် - မြန်မာနိုင်ငံ -၂၀၂၀ တွင် ဖော်ပြထားသည်။
ကပ်ရောဂါကြောင့် အကျပ်အတည်းဖြစ်ပေါ်နေသည့်ကာလတွင် လိုအပ်သည့် ဆေးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးမှုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အားဖြည့်ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးနေသည့်အပြင် နိုင်ငံတော်အစိုးရသည် အလုပ်အကိုင်နှင့် အိမ်ထောင်စုများ၏ ဝင်ငွေကို အကာအကွယ်ပေးခြင်းနှင့် အခြားအလားအလာရှိသော စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရခြင်းမဖြစ်စေရန် အကာအကွယ်ပေးမှုတို့အပေါ် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
IMF ၏ COVID-19 Policy tracker အရ ကမ္ဘာ့နိုင်ငံများ၏အစိုးရများသည် အလားတူရည်ရွယ်ချက်များ (ဥပမာ အချိန်တို အလုပ်နှင့် ဝင်ငွေထောက်ပံ့မှုစီမံချက်၊ အခွန်ပေးဆောင်မှုကို ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေအာမခံ စသည်) အတွက် မူဝါဒများစွာ ချမှတ်ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဦးတည်၍ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆောင်ရွက်ချက်များ ပါဝင်သည့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ချမှတ်ခဲ့သည်။
သို့သော် တစ်ခါတစ်ရံတွင် အမှန်တကယ်လိုအပ်သောနေရာတို့တွင် လက်တွေ့အသုံးချရန် အားနည်းချက်များလည်း ရှိနေကြောင်း၊ အထင်ရှားဆုံးသော ဆောင်ရွက်ချက်တစ်ခုမှာ မြန်မာနိုင်ငံသားပိုင်ဆိုင်သော SMEs လုပ်ငန်းများ၊ အဝတ်အထည်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းကဏ္ဍများအတွက် ဒေါ်လာ ၇၁ သန်းကို COVID-19 ရန်ပုံငွေ ထူထောင်၍ ချေးငွေထုတ်ချေးခြင်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် ကာလကို ရွှေ့ဆိုင်းပေးခြင်းဖြစ်သည်။
COVID-19 ၏ နောက်ဆက်တွဲတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်သည့်အခါ ယခင်ကထက်ပိုပြီး သတိကြီးကြီးထား၍ ပြုလုပ်နိုင်ကြပြီး ရွေးချယ်မှုများလည်း လုပ်လာနိုင်ကြသည့်အပြင် စက်ရုံများမှာလည်း ပြောင်းလဲလာသော နည်းပညာများနှင့် စီးပွားရေး ပုံစံများနှင့်အညီ လိုက်လျောညီထွေစွာ ပြောင်းလဲလာနိုင်သောကြောင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာစေရန် အလေးပေး၍ရေးဆွဲထားသော မူဝါဒများသည် COVID-19 အလွန် နာလန်ပြန်ထူသည့်အချိန်အခါအတွက် အရေးကြီးပြီး အဆိုပါမူဝါဒသုံးသပ်ချက်တွင် ဆွေးနွေးခဲ့သည့် COVID-19 မတိုင်မီဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုများနှင့် မူဝါဒများသည် အရေးကြီးသည့်ပုံစံများအဖြစ် ပေါ်ထွက်လာမည် ဖြစ်သည်။
ကုန်ထုတ်လုပ်မှုမြင့်မားစေရန် ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းသည် အကျပ်အတည်းကာလအတွင်း ငွေပေးချေသည့် ကုန်ကျစရိတ်မြင့်တက်ခြင်းလုပ်ငန်းများအကြား ရင်းမြစ်များ ခွဲဝေအသုံးပြုရန်အတွက် သယ်ယူမှုနှင့် နယ်ပယ်လျော့နည်းလာခြင်းတို့ကို ကုစားရန်အတွက် အရေးပါလှကြောင်း၊ COVID-19 မတိုင်မီဖော်ပြထားသည့် စိန်ခေါ်မှု ၁၉ ခုအတွက် ယင်းမူဝါဒအကြံပြုချက်များသည် လိုက်လျောညီထွေရှိပြီး အားလုံးပါဝင်နိုင်သော ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်သည်။
ပြန်လည်ထူထောင်ရေးကာလအတွင်းနှင့် နောက်ပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ရှိနေစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီများသည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ဖြေလျှော့ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဗျူရိုကရေစီအဟန့်အတားများကို လျှော့ချခြင်းသည် ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း ပိုမိုထိရောက်သော ထုတ်လုပ်မှုဖြစ်စဉ်များဖြစ်ပေါ်စေကြောင်းနှင့် နိုင်ငံအများအပြားတွင်လည်း အဆိုပါနည်းလမ်းအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
