၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအတွက် နိုင်ငံတော်က မတည်ငွေကျပ်ဘီလျံ ၁၀၀ လျာထားကြောင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမှုထမ်းသက် ၁၀ နှစ်အောက် ဝန်ထမ်းဦးရေ ငါးသိန်းခန့်အတွက် နိုင်ငံတော်အစိုးရ၏ မတည်ထည့်ဝင်ငွေ ကျပ်ဘီလျံ ၂၄၀ အတွက် တစ်နှစ်လျှင် ကျပ်ဘီလျံ ၅၀ အရစ်ကျထည့်ဝင်ရန်နှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေနှင့် အကျုံးဝင်မည့်ဝန်ထမ်းများ (အမှုထမ်းသက် ၁၀ နှစ်အောက် ဝန်ထမ်းဦးရေ ငါးသိန်းခန့်နှင့် ဥပဒေပြဋ္ဌာန်းပြီးနောက် ခန့်အပ်မည့်ဝန်ထမ်းများ) အတွက် လစဉ်ထည့်ဝင်ငွေ တစ်နှစ်စာ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်းနိုင်ငံတော်က စတင်မတည်ငွေကျပ်ဘီလျံ ၁၀၀ ကို ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ငွေစာရင်းခေါင်းစဉ်ဖြင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား ခဲ့ခြင်းဖြစ်သည်။
တစ်နှစ်လျှင် အငြိမ်းစားယူမည့်ဝန် ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ၎င်းတို့အ နက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူလိုသည့်အတွက် တစ်နှစ်လျှင်အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ဖြေကြားခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဝင်ငွေနည်းပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက်ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီးတန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေရောင်းချပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအပြင် ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
