ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မယားငယ်ဖြစ်သူ၏ ပတိုငံရွာသို့ သွားရောက်သူတစ်ဦး ရွာသားများနှင့် စကားများပြီး ၀ိုင်းဝန်းထိုးကြိတ်ခံရကာ သေဆုံးသွားသဖြင့် ဂူအတွင်း ပစ်ချခဲ့သောကြောင့် ရွာသားလေးဦးအား ပ/၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ခေါက်ပလော့ကျေးရွာနေ သေဆုံးသူ ၄၆ နှစ်အရွယ် ဦးခွန်းစိုးနိုင်မှာ နိုဝင်ဘာ ၂၄ ရက်တွင် ပတိုငံကျေးရွာရှိ မယားငယ်အိမ် သွားမည်ဟုဆိုကာ အိမ်ပြန်မရောက်လာသောကြောင့် ကူညီစုံစမ်းပေးပါရန် သေဆုံးသူ၏ သားဖြစ်သူက နိုဝင်ဘာ ၂၆ ရက်တွင် ဒီးမော့ဆိုရဲစခန်းသို့ လာရောက်တိုင်တန်း အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထိုသို့လာရောက် တိုင်ကြားသောကြောင့် စခန်းမှူး ဒုရဲမှူးအနိုင်နှင့် တာဝန်ရှိသူများက သေဆုံးသူ သွားရောက်ခဲ့သောရွာသို့ နိုဝင်ဘာ ၂၆ ရက်တွင် သွားရောက်ခဲ့ရာ အရက်သေစာ သောက်စားနေကြသော ပတိုငံရွာသားများမှာ လူမှုရေး ဖောက်ပြန်မှုအကြောင်း ပြောဆိုပြီး သေဆုံးသူနှင့် စကားများကြပြီး ရွာသားလေးဦးက အိမ်ပေါ်မှဆွဲချ ၀ိုင်းဝန်းထိုးကြိတ်ကြကြောင်း သိရသည်။
၀ိုင်းဝန်းထိုးကြိတ်ပြီး ရွာအပြင်ဘက်သို့ ခေါ်လာစဉ် လမ်းတွင် သေဆုံးသွားသောကြောင့် ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်းသို့ ပစ်ချခဲ့ကြောင်း ရွာသားလေးဦးအား ခေါ်ယူစစ်ဆေးရာထွက် ဆိုကြသည်ဟု သိရသည်။
“သူတို့ရန်ဖြစ်ကြတာက ဒီလိုဖောက်ပြန်ရင် ရွာနာတယ် ရွာဆေးရမယ်ပေါ့။ ရိုးရာအရ ရွာဆေးဖို့ပြောတာ ပွဲလုပ်ဖို့ ပြောတာမှာ စကားတွေများကြတာပဲ။ နောက်သူတို့ ရွာပြင်ထွက်ခေါ်သွားတာပဲ” ဟု ပဒိုငံကျေးရွာနေ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောကြားသည် ။
သေဆုံးသူအား ပစ်ချခဲ့သော ဂူအတွင်းသို့ သွားရောက် ရှာဖွေရာ မျက်ခုံးဝဲယာ နှစ်လက်မခန့်ပေါက်ပြဲ/ ဦးခေါင်းယာဘက်ချိုး စောင်းချိုင့်ဝင်၊ ဝဲဘက်ဒူးခေါင်းရိုးကျိုး၊ ဝဲခြေသလုံးစုတ်ပြတ်၊ ယာလက်ဖျံစုတ်ပြဲ၊ မေးရိုး နှစ်လက်မခန့် ပေါက်ပြဲ စသည့်ဒဏ်ရာ အသီးသီး တွေ့သောကြောင့် ဒီးမော့ဆိုဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ကြောင်း သိရသည်။
သေဆုံးသည်အထိ ရိုက်ခဲ့ကြသော ပီတာမီရယ် ၂၄ နှစ်၊ ဘိုးရယ် ၃၈ နှစ်၊ ဘီဗျားနို ၃၃ နှစ်၊ ဆိုတေးရို ၃၆ နှစ်တို့အား သေဆုံးသူသား ဖြစ်သူက တရားလိုပြုလုပ်၍ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
