ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်သုံးခု၊ ၂၁ မြို့နယ်တို့တွင် COVID-19 ရောဂါပိုးတွေ့လူနာ ၂၄၁ ဦးအထိရှိလာပြီး နိုဝင်ဘာ ၂၆ ရက်အထိ လူနာ ၇၅ ဦး သက်ဆိုင်ရာမြို့ နယ်ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူနေကာ သေဆုံးလူနာတစ်ဦး ရှိခဲ့ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သတင်းရရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် First Wave ဖြစ်စဉ်က ပိုးတွေ့လူနာ လေးဦးသာ ရှိခဲ့သော်လည်း၊ Second Wave တွင် နိုဝင်ဘာ၂၅ ရက်အထိ ရှမ်းတောင် ခရိုင်သုံးခု၊ ၂၁ မြို့နယ်တွင် ပိုးတွေ့လူနာပေါင်း ၂၄၁ ဦး ရှိလာပြီဖြစ်ကြောင်း၊ လက်ရှိ ဆေးရုံတက်လူ နာပေါင်း ၇၅ ဦးရှိကာ ပြန်ကောင်းမွန်လာသည်မှာ ၁၆၆ ဦးနှင့် သေဆုံးလူနာတစ်ဦး ရှိခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်မှ အနံ့ပျောက်လူနာ တစ်ဦးသည် နိုဝင်ဘာ ၁၇ ရက်မှ စတင်၍ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်ပိုင်း တောင်ကြီးမြို့ရှိ ရေအေးကွင်း၊ မင်္ဂလာဦး၊ ညောင်ဖြူစခန်း၊ ဘုရားဖြူ၊ စျေးပိုင်း စသည့် ရပ်ကွက်များအထိ ပျံ့နှံ့သွားပြီး ထိတွေ့သူများမှ ပိုးတွေ့လူနာ ၁၃ ဦးအထိ များပြားလာနေပြီး ဒေသတွင်း ကူးစက်မှုအသွင် ဖြစ်နေကြောင်း သိရသည်။
“First Wave နဲ့ Second Wave တော်တော်ကွာခြားတာ တွေ့ရတယ်။ First Wave တုန်းကဆိုရင် ပြည်ပပြန်တွေပဲ အဓိကထားစစ်တယ်။ သူတို့နဲ့ ဆက်စပ်တာလိုက်စစ်လိုက်ရင် ပိုးမတွေ့တာများတယ်။ အခုနောက်ပိုင်း တော့ ပိုးတွေ့လူနာပြန်တွေ့ရင် ကွန်တက် တွေပြန်စစ်ရင် ပေါ့စတစ်တွေရှိတယ်။ ပထမ ပိုင်းကတော့ နိုင်ငံခြားပြန် ပိုးတွေ့တာများ တယ်။ နောက်ပိုင်းမှာတော့ ခရီးသွားရာဇဝင်မရှိဘဲ ဖျားနာတာ ရောဂါပိုးတွေ့တာ ရှိ လာတယ်။ အရင်ကထက်ပိုပြီး အများကြီး အရေးကြီးလာတယ်။ ပြည်သူတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်အလက်တွေ လိုက် နာဖို့ လိုလာတယ်။ဘယ်က ရောဂါပိုးတွေ့ လူနာဖြစ်ဖြစ် စဝ်စံထွန်းဆေးရုံမှာ လွှဲပြောင်း ထားတာပေါ့။ စဝ်စံထွန်းမှာလည်း Isolation - 1 နဲ့ 2 ဆိုပြီး ခွဲခြားထားတာပေ့ါ။ ၁ မှာ ဆိုလည်း အများကြီး မထားနိုင်ဘူးပေါ့။ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ မြို့နယ် တွေမှာပဲ ထားတယ်။ ကလောမှာ ဆေးစစ် တော့ ကလောပြည်သူ့ဆေးရုံမှာ ထားတယ်။ ရွာငံမှာတွေ့ရင် ရွာငံဆေးရုံ၊ မြို့ကြီးတိုက် နယ်ဆေးရုံ ထားတယ်။ သက် ဆိုင်ရာမြို့နယ် တွေမှာရှိတဲ့ ဆေးရုံတွေမှာ ထားတာပေါ့။ အရင်ကထက် စာရင်တော့ ထိန်းချုပ်ရခက် လာတယ်။ အရင်ကဆိုရင် ပိတ်ချလိုက်တယ်။ First Wave တုန်းက တစ်နိုင်ငံလုံး နီးပါး ပျောက်လုနီးပါးကို ဖြစ်သွားကြတယ်။ သိသိသာသာ ကျသွားတယ်။ Second Wave မှာ အသွားအလာ ကန့်သတ်ထားပေမဲ့ တချို့တွေက သွားနေတာတွေလည်း ရှိနေတယ်။ နိုင်ငံတော်က ကုန်စည်စီးဆင်းမှု ရပ်တန့်သွားမှာ စိုးလို့ ခွင့်ပြုထားတာပေ့ါ။ ကုန်ကားသမား ဂိတ်တွေမှာ Test Kit တွေနဲ့ စစ်ပေးတယ်။ သတ်မှတ်ထားတဲ့အတိုင်း မြို့နယ်မှာ ကွာရတင်းဝင်မယ်။ စစ်ဆေးခံမယ်ဆိုရင် လွယ်လွယ် ဖြတ်တောက်လို့ ရတာပေါ့။ လူတွေက နည်းလမ်းအမျိုးမျိုးတွေနဲ့ သက်ဆိုင်ရာ ဂိတ်တွေကို ရှောင်ကွင်းသွားတာမျိုးတွေနဲ့ သွားကြတာတွေလည်း ရှိနေတော့ တဖြည်းဖြည်း ပြန့်သွားတော့ တားဆီးဖို့ ခက်လာတာလို့တော့ မြင်ပါတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်နယ်အထူးရောဂါ နှိမ်နင်းရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောကြားသည်။
နိုဝင်ဘာ ၂၀ ရက်အထိ စာရင်းများအရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခရီးသွားရာ ဇဝင်မရှိဘဲ ရောဂါပိုးတွေ့ရှိသူ ၄၈ ဦးအထိရှိပြီး များသောအားဖြင့် ရန်ကုန်ပြန်များဖြစ် ပြီး လူနာ ၁၃၆ ဦးရှိကာ အခြားမြို့နယ်များမှ ပြန်ရောက်လာသူများတွင်လည်း ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် ခရီးသွားရာဇဝင်ရှိလျှင် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနထံ သတင်းပေးပို့ရန် လို အပ်ပါကြောင်း၊ မိမိတွင် ဖျားနာမှုဖြစ်လာ လျှင် ကြိတ်မကုဘဲ ကျန်းမာရေးဌာနထံ သွား ရောက်ပြသရမည်ဖြစ်ကြောင်း၊ ကြိတ်ကုနေ လျှင် ရောဂါဖြန့်ဝေသလိုဖြစ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်း မဖြစ် မနေ တပ်ဆင်သွားလာကြရန် လိုအပ်ပါကြောင်း၊ Face Shield ကိုလည်း တပ်ဆင် မည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ လူစုလူဝေးကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ လူစုလူဝေးတွင် ပွဲလမ်းသဘင်များသာမက စားသောက်ဆိုင်များလည်း ပါဝင်ကြောင်း၊ ဂိမ်းဆိုင်များ စသည်တို့ကို ရှောင်ရှားရမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက အကြံပြုစကား ပြောကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးခရိုင် မြို့နယ်ပေါင်း ၁၀ မြို့နယ်၊ လွိုင်လင်ခရိုင် မြို့နယ်ပေါင်း ခုနစ်မြို့နယ်၊ လင်းခေးခရိုင် မြို့နယ်လေးမြို့နယ်တို့ပါဝင်ပြီး စုစုပေါင်း မြို့နယ်၂၁ မြို့နယ် ပါဝင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
