Top News

တောင်ကြီးမြို့၊ မြစံပယ်ခန်းမ ရှေ့၌ ယာဉ်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး၊ ထိခိုက်သူ လေးဦးကို စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထား
24htopnews | November 29, 2024 9:12 PM CST

တောင်ကြီးမြို့၊ မြစံပယ်ခန်းမရှေ့၌ ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး၊ ထိခိုက်သူလေးဦးကို စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ ကနဦးဖြစ်စဉ် သတင်းရရှိသည်။

တောင်ကြီးမြို့၊ မြစံပယ် မင်္ဂလာခန်းမရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်၌ နိုဝင်ဘာလ (၂၅) ရက် ညပိုင်း ၉ နာရီခွဲတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး၊ မော်တော်ယာဉ်လေးစီးနှင့် စားစရာပို့ဆောင်သော မော်တော်ဆိုင်ကယ်တစ်စီးတို့ ပျက်စီးခဲ့ပြီး၊ လူလေးဦးကို ဆေးရုံပို့ဆောင်ထားရကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်းလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာမစိုးရိမ်ရကြောင်း၊ သတိလစ်သူတစ်ဦးရှိကြောင်း၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါထိခိုက်ခဲ့သော မော်တော်ယာဉ်များကို ကရိန်းကားနှစ်စီးဖြင့် လာရောက်တင်ဆောင်ခဲ့ပြီး၊ အပျက်အစီး အပိုင်းအစများကို ညတွင်းချင်း ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး၊ တောင်ကြီးမြို့မရဲစခန်း၌ အမှုဖွင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK