Top News

COVID-19 လူနာသစ် ၁၃၃၀ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၆ ဦးထပ်တိုးကာ သေဆုံးသူ ၁၈၀၀ ကျော်လာ
24htopnews | November 29, 2024 9:12 PM CST

COVID-19 လူနာသစ် ၁၃၃၀ ဦးတွေ့ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ ၈၃၅၆၆ ဦး ရှိလာကာ သေဆုံးသူ ၂၆ ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇၃၄၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာတွင် အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၃၀ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာများအနက် ၁၀၃၀ ဦး၊ တပ်မတော်ဆေးရုံကြီးများနှင့် တပ်မတော် COVID-19 ရောဂါ ကုသရေးဌာနများမှ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ၁၃၃၁ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့သဖြင့် စုစုပေါင်း ဆေးရုံးဆင်းခွင့်ရသူ ၆၃၃၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

COVID-19 အတည်ပြု လူနာများအနက် ထပ်တိုးသေဆုံးလူနာ ၂၆ ဦးရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၂၃ ဦး ပါဝင်ကြောင်း သိရပြီး လက်ရှိအချိန်တွင် သေဆုံးသူ စုစုပေါင်း ၁၈၁၀ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၁၀၇၆၃၈၂ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၈၃၅၆၆ ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၆၃၃၆၆ ဦးရှိကာ သေဆုံးလူနာ ၁၈၁၀ ဦး ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၂၀၃၅ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည်ရှုနေကြောင်း သိရသည်။


READ NEXT
Cancel OK