အီကွေဒေါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်ဖြစ်သော Guayaquil မြို့၌ မကြာသေးမီ သီတင်းပတ်များအတွင်း ရဲများက နေအိမ်များမှ အလောင်း ၈၀၀ နီးပါးအား ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ပစိဖိတ်ဆိပ်ကမ်းမြို့တွင် အရေးပေါ်ဝန်ဆောင်မှုများ၊ ဆေးရုံများနှင့် နာရေးအခမ်းအနား ပြုလုပ်ရာနေရာများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိစီးခဲ့ပြီးနောက် ရေခဲတိုက်အလုပ်သမားများသည် ဝန်နှင့်အားမမျှသည့် အနေအထားကြုံတွေ့ခဲ့ရသည်။ ထို့ပြင် လမ်းများပေါ်၌ အလောင်းများစွန့်ပစ်ထားမှုကို ဒေသခံများက ရိုက်ကူးထားသည့် ဗီဒီယိုအပိုင်းများသည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။
COVID-19 ကြောင့် ဖြစ်ပေါ်ခဲ့သော ဝရုန်းသုန်းကား အခြေအနေအား ကိုင်တွယ်နိုင်ရန် အစိုးရက ဖွဲ့စည်းခဲ့သည့် ရဲနှင့် စစ်သားများပါဝင်သော အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ Jorge Wated က လူနေအိမ်များမှ ဖယ်ရှားရှင်းလင်းခဲ့ရသော အလောင်းအရေအတွက်သည် ၇၀၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သော ၃ ပတ်အတွင်း ထိုပူးတွဲအဖွဲ့သည် နေအိမ်များမှ အလောင်းစုစုပေါင်း ၇၇၁ လောင်း၊ ရေခဲတိုက်များတွင် နေရာပြည့်နေပြီဖြစ်သည့် ဆေးရုံများမှ နောက်ထပ်အလောင်း ၆၃၁ လောင်းကို ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း Wated က ပြောကြားခဲ့သည်။
သို့သော် ယခုအခါ တာဝန်ရှိသူများက မြှုပ်နှံလိုက်ပြီဖြစ်သည့် အလောင်း ၆၀၀ သည် မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ဆိုခြင်းကို Wated က အတိအကျ မပြောကြားခဲ့ပေ။
အီကွေဒေါတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ်ဖြစ်ပွားကြောင်း ဖေဖော်ဝါရီ ၂၉ တွင် အတည်ပြုခဲ့ပြီး ယခုအခါ ကူးစက်သူ ၇၅၀၀ ရှိနေသည်။ ကမ်းရိုးတန်းပြည်နယ် Guayas တွင် နိုင်ငံတစ်ဝန်း ကူးစက်မှုစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော် ဖြစ်ပွားခဲ့ပြီး ပြည်နယ်မြို့တော် Guayaquil တွင် ကူးစက်သူ ၄၀၀၀ ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
နေ့စဉ် ၁၅ နာရီကြာ ကာဖျူးမိန့်ထုတ်ပြန်ထားစဉ် Guayaquil တွင် ရင်ခွဲရုံလည်ပတ်မှုစနစ် ပြိုလဲသွားခဲ့ပြီးနောက် ၃ ပတ်အကြာတွင် ရဲများနှင့် စစ်သားများက နေအိမ်များမှ အလောင်းများအား စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
COVID-19 နှင့် ဆက်နွှယ်၍ Guayas ပြည်နယ်တစ်ခုတည်းတွင် လပိုင်းအတွင်း သေဆုံးသူ ၂၅၀၀ နှင့် ၃၀၀၀ အကြား ရှိလိမ့်မည်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဧပြီ အစောပိုင်းတွင် ခန့်မှန်းခဲ့သည်ဟု Wated က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
