အီရန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန်နှေးကွေးစေရန်အတွက် ချမှတ်ထားသော ကန့်သတ်မှုအချို့အား ဖြေလျှော့ပေးခဲ့စဉ် COVID-19 ကြောင့် ဧပြီ ၁၂ တွင် ၁၁၇ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူစုစုပေါင်း ၄၄၇၄ ဦးအထိ ရှိလာခဲ့သည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်သူသစ် ၁၆၅၇ ဦးရှိသောကြောင့် ကူးစက်သူစုစုပေါင်းသည် ၇၁၆၈၆ ဦးရှိကြောင်း၊ အီရန်တွင် လတ်တလောအထိ လူ ၂၆၃၃၈၈ ဦးအား ဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Kianoush Jahanpour က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် လူ ၄၃၈၉၄ ဦးသည် သက်သာပျောက်ကင်း၍ ဆေးရုံမှ ပြန်ဆင်းသွားကြောင်း၊ ၃၉၃၀ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်တွင် ဖေဖော်ဝါရီ ၁၉ ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားကြောင်း ပထမဆုံးအကြိမ် အတည်ပြုခဲ့ပြီး လက်ရှိအချိန်ထိ အရှေ့အလယ်ပိုင်းတွင် အဆိုးရွားဆုံး ဖြစ်ပွားနေသည့်နိုင်ငံ ဖြစ်သည်။
အီရန်တွင် ဧပြီ ၁၁ ၌ မြို့တော် တီဟီရန်အပြင်ဘက်တွင် လုပ်ငန်းငယ်များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဧပြီ ၁၈ တွင် မြို့တော်၌ ခွင့်ပြုသွားမည်ဖြစ်သည်။ ပြီးခဲ့သောလနောက်ပိုင်း မြို့များအကြား ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ဧပြီ ၂၀ တွင် ရုပ်သိမ်းမည်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
