Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၁၀၀,၀၀၀ ကျော်လာ
24htopnews | November 29, 2024 10:12 PM CST

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၇ သန်းကျော်သွားခဲ့ပြီး သေဆုံးသူ ၁၀၀,၀၀၀ ကျော်ရှိခဲ့ကြောင်း အမေရိကန်၏ ဂျွန်ဟော့ကင်းတက္ကသိုလ်က  ပြုစုထားသော စာရင်း၌ ဧပြီ ၁၁ က ဖော်ပြခဲ့သည်။

အမေရိကန်တွင် ဧပြီ ၁၀ က တစ်ရက်အတွင်း ၂၀၀၀ ကျော်သေဆုံးခဲ့ပြီး စုစုပေါင်းသေသူ ၁၈,၅၈၆ ဦးထိ ရှိလာကာ အီတလီ၏သေဆုံးသူဦးရေ ၁၈,၈၄၉ ကို နီးကပ်လာခဲ့သည်။

ယခင်သုံးရက်က အမေရိကန်တွင် တစ်ရက် ၁၉၀၀ နီးပါးသေဆုံးခဲ့ပြီးနောက် ဧပြီ ၁၀ တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂,၀၅၆ ထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ရက်အတွင်း ၂၀၀၀ ကျော်သေဆုံးသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့ပြင် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်းဝက်ကျော် ရှိခဲ့ပြီဖြစ်သည်။

သို့သော် အိမ်ဖြူတော် COVID-19 အထူးအဖွဲ့က ကိုရိုနာ‌ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် အမေရိကန်တစ်ဝန်းတွင် စတင်လျော့ကျလာနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း သေဆုံးသူအရေအတွက်သည် ကနဦး ခန့်မှန်းထားသည့် ၁၀၀,၀၀၀ ထက် များစွာလျော့နည်းနေကြောင်း၊ တင်းတင်းကျပ်ကျပ်ချမှတ်ခဲ့သော မဟာဗျူဟာများက အသက်များစွာကို ကယ်တင်‌နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်တွင် သေဆုံးသူဦးရေသည် တဖြည်းဖြည်းကျဆင်းကာ မေ ၁ တွင် တစ်ရက် ၉၇၀ ခန့်အထိ ကျဆင်းနိုင်ပြီး ထရန့်အစိုးရအဖွဲ့က စီးပွားရေးအတွက် ပြန်လည်ဖွင့်လှစ်မှုများ စတင်ဆောင်ရွက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။


READ NEXT
Cancel OK