Top News

တရုတ်သုတေသနပညာရှင်များ၏ ဆန်းစစ်လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ် လေးမီတာအထိ ပျံ့နှံ့ရောက်ရှိနိုင်
24htopnews | November 29, 2024 10:12 PM CST

COVID-19 လူနာများ ထားရှိသော ဆေးရုံအဆောင်မှ လေနမူနာများကို ဆန်းစစ်လေ့လာသော သုတေသနတွင် ယင်းဗိုင်းရပ်စ်သည် လေးမီတာအထိ ရောက်ရှိနိုင်ကြောင်း တရုတ်သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (Centers for Disease Control and Prevention (CDC)) ၏ Emerging Infectious Diseases ဂျာနယ်တွင် ဖော်ပြခဲ့သောသုတေသန၌ ရောဂါကူးစက်မှုကို တရုတ်စစ်ဘက် ဆေးသိပ္ပံအကယ်ဒမီမှ ဦးဆောင်သော သုတေသနပညာရှင်များက လေ့လာခဲ့ခြင်း ဖြစ်သည်။

ဝူဟန်ရှိ Huoshenshan ‌ဆေးရုံမှ အထူးကြပ်မတ်ကုသဆောင်နှင့် ရိုးရိုးလူနာဆောင်များမှ လေနမူနာများနှင့် အပေါ်ယံမျက်နှာပြင်များကို သုတေသနပညာရှင်များက လေ့လာခဲ့သည်။

လူနာဆောင် ကြမ်းပြင်များတွင် ဗိုင်းရပ်စ်က ပို၍စုစည်းတည်ရှိကြောင်း၊ ကမ္ဘာ့ဆွဲအားနှင့် လေစီးဆင်းမှုက ဗိုင်းရပ်စ်များကို ကြမ်းပြင်တွင် မျောနေစေခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ဆိုသည်။

 


READ NEXT
Cancel OK