မလေးရှားတွင် ဧပြီ ၁၁ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၁၈၄ ဦးတိုးလာခဲ့သောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူ စုစုပေါင်း ၄၅၃၀ အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့ရာ အရှေ့တောင်အာရှတွင် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်နေသည်။
ဧပြီ ၁၁ တွင် ဗိုင်းရပ်စ်ကြောင့် ၃ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၇၃ ဦးအထိ မြင့်တက်လာခဲ့သည်။
ကူးစက်သူ လူနာ ၁၆၅ ဦးသည် ဧပြီ ၁၁ တွင် ဆေးရုံမှ ဆင်းသွားသောကြောင့် သက်သာပျောက်ကင်းသူ စုစုပေါင်းသည် ၁၉၉၅ ဦးအထိ ရှိသဖြင့် ကူးစက်မှုစုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ပြောကြားခဲ့သည်။
လူနာ ၇၂ ဦးအား အရေးပေါ်ကြပ်မတ်ကုသဆောင်တွင် ကုသပေးနေဆဲဖြစ်ပြီး ယင်းတို့အနက် ၃၈ ဦးသည် အသက်ရှူထောက်ကူစက် လိုအပ်ကြောင်း ၎င်းအား ပြောကြားခဲ့သည်။
မလေးရှားသည် အသွားအလာကန့်သတ်မှုထိန်းချုပ်ခြင်းကို ဧပြီ ၂၈ အထိ နောက်ထပ် ၁၄ ရက် သက်တမ်းတိုးမည်ဟု ဧပြီ ၁၀ တွင် ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်က ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
