အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရေအတွက် မြင့်တက်လာမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများအား ဧပြီ ၁၁ တွင် ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာအကြီးဆုံး lockdown ချမှုအား နောက်ထပ် ၂ ပတ် သက်တမ်းတိုးရန် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ဆုံးဖြတ်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်များက ပြောကြားခဲ့ကြသည်။
အိန္ဒိယတွင် ကနဦး သုံးပတ်ကြာ lockdown ချထားမှုသည် ဧပြီ ၁၄ တွင် သက်တမ်းကုန်မည်ဖြစ်သည်။ သို့သော် COVID-19 ကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာစဉ် လူဦးရေ ၁.၃ ဘီလျံအတွက် ကန့်သတ်မှုများအား တိုးမြှင့်ရန် ပြည်နယ်နှင့် နယ်မြေ ၂၉ ခုမှ ခေါင်းဆောင်အများအပြားက မိုဒီအား ဖိအားပေးခဲ့ကြသည်။
ဩဒိဿနှင့် ပန်ဂျပ်ပြည်နယ် ၂ ခုတွင် lockdown အား နောက်ထပ် ၂ ပတ် သက်တမ်းတိုးထားပြီး ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း lockdown ချမှုသည် ပြည်နယ်များအကြား လူများကူးသန်းသွားလာမှုကို တားဆီးရန် လိုအပ်ကြောင်း ထောက်ပြခဲ့ကြသည်။
အိန္ဒိယတွင် ဧပြီ ၁၁ အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇၅၀၀ ခန့်ရှိပြီး သေဆုံးသူ ၂၄၀ ရှိသည်။
ဝန်ကြီးချုပ် မိုဒီသည် lockdown သက်တမ်းတိုးရန် မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေလီပြည်နယ်ဝန်ကြီးချုပ် အာဗင်ကီဂ်ျ ရီဝါက Twitter တွင် ရေးသားခဲ့သည်။
ဧပြီ ၁၁ တွင် ဗီဒီယို ကွန်ဖရင့်ဆွေးနွေးပွဲ၌ ပါဝင်ခဲ့ကြသည့် အခြားဝန်ကြီးများက lockdown ကို နောက်ထပ် ၂ ပတ်သက်တမ်းတိုးမည်ဖြစ်ကြောင်း မီဒီယာကို ပြောကြားခဲ့သည်။
ဟိန္ဒူ အမျိုးသားရေး ဝါဒီမိုဒီအစိုးရသည် ကန့်သတ်ပိတ်ဆို့မှုများနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအား ပိတ်ပင်မှုတို့က စီးပွားရေးကို သက်ရောက်မည်ကို စိုးရိမ်ခဲ့ကြသည်။
အိန္ဒိယတွင် ပြည်နယ်အားလုံး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေပြီဖြစ်ပြီး ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်း ပါဝင်သော မဟာရက်ရ်ှထရာပြည်နယ်တွင် ကူးစက်သူ ၁၆၀၀ ကျော်နှင့် သေဆုံးသူ ၁၁၀ ကျော်ဖြင့် အဆိုးရွားဆုံး ဖြစ်ပွားနေသည့် ပြည်နယ်ဖြစ်သည်။ မြို့တော်ဒေလီတွင် ဧပြီ ၁၀ ထိ ကူးစက်သူစုစုပေါင်း ၈၆၅ ဦး ရှိလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
