Top News

ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေစဉ် ဂျကာတာတွင် တစ်စိတ်တစ်ပိုင်း Lockdown ကို ချမှတ်
24htopnews | November 29, 2024 10:12 PM CST

COVID-19 ကူးစက်မှုများ တစ်ရှိန်ထိုးမြင့်တက်နေပြီး အများပြည်သူဆိုင်ရာ ကျန်းမာရေးအန္တရာယ် ရုတ်တရက်ဖြစ်သွားနိုင်ကြောင်း ဝေဖန်သူများက သတိပေးထားစဉ် အင်ဒိုနီးရှား၏မြို့တော် ဂျကာတာတွင် တင်းကျပ်သော လူမှုဆိုင်ရာကန့်သတ်ချက် စည်းမျဉ်းများ အသက်ဝင်စေရန်အတွက် စစ်သားများနှင့် ရဲများက ဧပြီ ၁၀ တွင် လမ်းများပေါ်၌ ကင်းလှည့်ခဲ့ကြသည်။

လူ ၅ ဦးထက်ပို၍ စုဝေးမှုအား ပိတ်ပင်ခြင်း၊ စားသောက်ဆိုင်များအား အွန်လိုင်းမှ ပို့ဆောင်မှာယူစနစ် လုပ်ဆောင်ရန်ကန့်သတ်ခြင်းနှင့် အများပြည်သူသယ်ယူပို့ဆောင်မှုအား လျှော့ချခြင်းတို့ ပါဝင်သည့် စည်းမျဉ်းအသစ်များအား ချိုးဖောက်သူများသည် ကြီးလေးသော ငွေဒဏ်များနှင့် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်သည်။

လူဦးရေ သန်း ၃၀ ခန့်ရှိသော မြို့ကြီး ဂျကာတာတွင် ဆိုင်ကယ်ကယ်ရီများအား ခရီးသည်တင်ဆောင်မှုမှ ပိတ်ပင်ပြီး ဒေသခံများကို နေထိုင်ထဲတွင်သာ နေကြရန် ညွှန်ကြားခဲ့သည်။

ဗလီများနှင့် အခြားဝတ်ပြုသည့် နေရာများအား အနည်းဆုံး နောက်ထပ် ၂ ပတ်ကြာ ပိတ်ထားရန်လည်း ညွှန်ကြားခဲ့သည်။

ကမ္ဘာတွင် လူဦးရေ စတုတ္ထမြောက် အများဆုံးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် တစ်ရှိန်ထိုးမြင့်တက်ခဲ့သောကြောင့် သမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့သောလတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သော်လည်း အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေး ပြိုလဲသွားမည်ကို စိုးရိမ်သောကြောင့် နိုင်ငံတစ်ဝန်း Lockdown ပြုလုပ်ရန် တောင်းဆိုမှုများကို တင်းခံထားဆဲဖြစ်သည်။

 

 


READ NEXT
Cancel OK