ကမ္ဘာတွင် အတင်းကျပ်ဆုံးချမှတ်ထားသော ကန့်သတ်ထိန်းချုပ်မှုများကို အဆင့်လိုက် ရုပ်သိမ်းမည့် မဟာဗျူဟာအမျိုးမျိုးကို အစိုးရက ဆွေးနွေးနေချိန်တွင် စပိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေသည် ဧပြီ ၁၀ တွင် ထပ်မံကျဆင်းခဲ့သည်။
စပိန်သည် မတ်လ အလယ်ကတည်းက ပိတ်ဆို့ထိန်းချုပ်မှုများ ချမှတ်ထားခဲ့သည်။ COVID-19 ကြောင့် သေဆုံးသူနှင့် ကူးစက်ခံရသူ နှေးကွေးလာခဲ့ပြီးနောက် တာဝန်ရှိသူများက လျှော့ပေါ့မှုများ တဖြည်းဖြည်းချင်း ဆောင်ရွက်ရန် စတင်ဆွေးနွေးလာခဲ့သည်။
တရားဝင်ပိတ်ဆို့ထိန်းချုပ်မှုကို မေလအထိ ဆက်လက်ဆောင်ရွက်ဖွယ်ရှိသည်ဟု စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က ပြောကြားထားသည်။ သို့သော်လည်း ယိုင်ရွဲ့နေသော စီးပွားရေးကို ကယ်ဆယ်ရန်အတွက် ကန့်သတ်မှုအချို့အား မကြာမီ ဖြေလျှော့ပေးဖွယ်ရှိသည်ဟု ဝန်ကြီးချုပ်က ဆိုထားသည်။
စပိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသည် ဧပြီ ၁၀ က ၆၀၅ ဦးအထိ ထပ်မံကျဆင်းခဲ့ပြီး မတ် ၂၄ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးသူ ဦးရေသည် လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်က ၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
စပိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသည် ဧပြီ ၁၀ အထိ ၁၅,၈၄၃ ဦး ရှိခဲ့ပြီး အီတလီပြီးလျှင် ကမ္ဘာတွင် ဒုတိယအများဆုံးဖြစ်ခဲ့သည်။ ကူးစက်ခံထားရသူ ဦးရေသည် ၁၅၇,၀၂၂ ဦး ရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
