Top News

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အထူးကြပ်မတ်ကုသဆောင်မှ ထွက်ခွာနိုင်ခဲ့
24htopnews | November 29, 2024 10:12 PM CST

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် COVID-19 ရောဂါလက္ခဏာများ မသက်သာသည့်အတွက် အထူးကြပ်မတ်ကုသဆောင်တွင် သုံးရက်ကြာ ကုသမှု ခံယူခဲ့ပြီးနောက် ဧပြီ ၉ တွင် ပုံမှန်ကုသဆောင်သို့ ပြန်လည်ရွှေ့ပြောင်း၍ ကုသမှု ခံနေကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လန်ဒန်အလယ်ပိုင်း စိန့်တောမတ်ဆေးရုံ၏ ပုံမှန်ကုသဆောင်သို့ ဂျွန်ဆင်ကို ရွှေ့ပြောင်းခဲ့ပြီး ဆက်လက်ကုသမှုပေးနေကြောင်း ဝန်ကြီးချုပ်ရုံး၏ ကြေညာချက်က ဆိုသည်။

မကြာသေးခင် သီတင်းပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ဆိုးဆိုးဝါးဝါးခံနေရသည့် ဗြိတိန်အတွက် ဂျွန်ဆင်၏ ပြန်လည်နာလန်ထူမှု သတင်းက အားတက်စရာဖြစ်ခဲ့သည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၆၅,၀၀၀ ကျော် ရှိပြီး ယင်းတို့အနက် ၇,၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဧပြီ ၉ ရက်အထိ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းများက ဖော်ပြထားသည်။

ဂျွန်ဆင်သည် ဗြိတိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသော အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး မတ် ၂၆ တွင် ရောဂါကို စတင်ကုသမှု ခံယူခဲ့ပြီး ၁၀ ရက်ကြာသည်အထိ ချောင်းဆိုးနှင့် အဖျား မသက်သာခဲ့သဖြင့် ဧပြီ ၅ တွင် ဆေးရုံသို့ တက်ရောက် ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။

 


READ NEXT
Cancel OK