Top News

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့တွင် ဖေဖေါ်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် COVID-19 ကူးစက်မှုသစ် ကင်းစင်ခဲ့
24htopnews | November 29, 2024 10:12 PM CST

တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး အများအပြားကူးစက်မှုကို ကြုံတွေ့ခဲ့ရသော တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီနှောင်းပိုင်း နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၁၀ တွင် ကူးစက်မှုသစ် မရှိခဲ့ပေ။

နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုသစ် အရေအတွက်သည် စံချိန်တင်ကျဆင်းနေစဉ် တောင်ကိုရီးယားတွင် ကူးစက်မှုစုစုပေါင်း ၁၀၄၅၀ ရှိခဲ့ပြီး ဒယ်ဂူမြို့တွင် ကူးစက်မှုစုစုပေါင်း ၆၈၀၇ မှုထက်မနည်း ရှိသောကြောင့် တစ်နိုင်ငံလုံး ကူးစက်မှုစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် ဧပြီ ၉ ၌ ကူးစက်မှုအသစ် ၂၇ မှုရှိခဲ့ကြောင်း ဧပြီ ၁၀ တွင် ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီနှောင်းပိုင်းက နေ့စဉ်ကူးစက်မှု ၉၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက်ပိုင်း နေ့စဉ်ကူးစက်မှုသစ် စံချိန်တင် ကျဆင်းခဲ့သည့်အတွက်ကြောင့် ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာ KCDC က ထုတ်ပြန်ခဲ့သည်။

ဧပြီ ၉ တွင် လူ ၄ ဦးထပ်မံသေဆုံးခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၂၀၈ ဦးအထိ ရှိလာကြောင်း KCDC က ထုတ်ပြန်ခဲ့သည်။

ဒယ်ဂူမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ကူးစက်ပျံ့နှံ့မှုကြောင့် တောင်ကိုရီးယားတွင် ဖေဖော်ဝါရီနှောင်းပိုင်းမှစတင်ကာ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် တစ်ရှိန်ထိုး မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

 


READ NEXT
Cancel OK