အင်ဒိုနီးရှားတွင် COVID-19 ကြောင့် ဧပြီ ၉ ရက်နေ့၌ နေ့အလိုက် သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၈၀ ထိ ရှိလာခဲ့သောကြောင့် ကိုရိုနာဗိုင်းရပ်စ် စတင်ထွက်ပေါ်ခဲ့သော တရုတ်ပြင်ပတွင် အာရှ၌ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ကမ္ဘာတွင် လူဦးရေ စတုတ္ထအများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှား၌ ဧပြီ ၉ တွင် COVID-19 ကြောင့် လူ ၄၀ ထပ်မံသေဆုံးခဲ့ပြီး အင်ဒိုနီးရှား၏ သေဆုံးသူစုစုပေါင်းသည် အရှေ့တောင်အာရှတစ်ဝန်းတွင် သေဆုံးသူစုစုပေါင်း ၅၉၀ ကျော်၏ ထက်ဝက်နီးပါးကို ကိုယ်စားပြုနေသည်။
အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး တာဝန်ရှိသူ အာချ်မက်ယူရီယန်တိုက အင်ဒိုနီးရှားတွင် ဧပြီ ၉ ၌ ကူးစက်မှုသစ် ၃၃၇ မှု ဖြစ်ပွားခဲ့သောကြောင့် နေ့အလိုက် ကူးစက်မှုနှုန်းတွင်လည်း စံချိန်သစ်ဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝန််းကူးစက်သူ စုစုပေါင်း ၃၂၉၃ ဦး ရှိလာခဲ့သည်။
အရှေ့တောင်အာရှတစ်ခုလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၆၅၀၀ ကျော်ရှိသည်။
အရှေ့တောင်အာရှ၏ အကြီးဆုံးနိုင်ငံ အင်ဒိုနီးရှားတွင် ဧရာမကူးစက်ပျံ့နှံ့မှုအား အစိုးရက တုံ့ပြန်မှု နှေးကွေးခဲ့ပြီးနောက် အင်ဒိုနီးရှားသည် ကူးစက်မှုတစ်ရှိန်ထိုးမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
သွားလာလှုပ်ရှားမှုနှင့် စုဝေးမှုများအား တင်းတင်းကျပ်ကျပ် ကန့်သတ်မှုမလုပ်လျှင် အင်ဒိုနီးရှားတွင် မေလမတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁.၅ သန်းနှင့် သေဆုံးသူ ၁၄၀၀၀၀ ရှိလာနိုင်ကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ သုတေသနပညာရှင်များက ခန့်မှန်းခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
