Top News

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၅၀၀၀ ကျော် ရှိလာ
24htopnews | November 29, 2024 10:12 PM CST

ဂျပန်တွင် ယခုသီတင်းပတ်အတွင်း မြို့တော်တိုကျိုနှင့် အခြားဒေသ ခြောက်ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းသည် အရှိန်လျော့သွားခဲ့ခြင်း မရှိဘဲ ကူးစက်ခံရသူ စုစု‌ပေါင်းသည် ဧပြီ ၈ တွင် ၅၀၀၂ ဦးအထိ ရှိလာခဲ့ကြောင်း အစိုးရရုပ်သံ NHK က ထုတ်လွှင့်ခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ရုန်းကန်နေရပြီဖြစ်သော ကမ္ဘာ့စီးပွားရေး တတိယ အင်အားအကြီးဆုံးနိုင်ငံကို အဓိက ထိုးနှက်ချက်ဖြစ်လာနိုင်သည့် မဖြစ်မနေ လိုက်နာရမည့် Lockdown ချမှတ်ခြင်း မပြုဘဲ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ဂျပန်အာဏာပိုင်များက မျှော်လင့်ခဲ့ကြသည်။

ဗဟိုအစိုးရက အရေးပေါ် အခြေအနေ ကြေညာသည်နှင့် တစ်ပြိုင်နက် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် ဒေသခံများအား နေအိမ်ထဲတွင်သာ နေထိုင်ကြရန်နှင့် စီးပွားရေး လုပ်ငန်းများအား ပိတ်ထားကြရန် တိုက်တွန်းရာတွင် ပိုမိုအားကောင်းသော ဥပဒေကြောင်းဆိုင်ရာ အခွင့်အာဏာများ ရရှိမည်ဖြစ်သည်။

ဧပြီ ၈ တွင် ဗိုင်းရပ်စ် ကူးစက်သူသစ် ၂၉ ဦးထက်မနည်း ရှိခဲ့သောကြောင့် စုစုပေါင်း ၅၀၀၂ ဦးအထိ ရှိလာခဲ့ကာ တစ်ဦးထပ်မံ သေဆုံးခဲ့သောကြောင့် သေဆုံးသူစုစုပေါင်း ၁၀၅ ဦးအထိ ရှိလာခဲ့သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့ကြသည်။


READ NEXT
Cancel OK