Top News

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၅ သန်းကျော်ရှိလာ
24htopnews | November 29, 2024 10:12 PM CST

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၅ သန်းကျော်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များကို ကိုးကားပြီး အေအက်ဖ်ပီက ဧပြီ ၉ တွင် ဖော်ပြခဲ့သည်။

တရုတ်တွင် ယမန်နှစ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၅ သန်း ကျော်ရှိခဲ့ပြီး ယင်းတို့အနက် ၈၇,၃၂၀ ဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီက ဆိုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် နိုင်ငံများ၏ တရားဝင်ထုတ်ပြန်ချက်များကို စုစည်းစာရင်းပြုစုထားသော အေအက်ဖ်ပီ၏ ကူးစက်ခံရသူ စာရင်းသည် အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်၏ အချိုးအစား တစ်စိတ်တစ်ပိုင်းကိုသာ ကိုယ်စားပြုဖွယ်ရှိသည်။ နိုင်ငံအများစုသည် ပြင်းထန်သော လူနာများကိုသာ စမ်းသပ်စစ်ဆေးကြသည်။

ရောဂါကူးစက်မှု အပြင်းထန်ဆုံးသော နေရာဖြစ်သည့် အမေရိကန်တွင် ကူးစက်ခံရသူ ၄၃၂,၁၃၂ ဦးရှိသည့်အနက် ၁၄,၈၁၇ ဦး သေဆုံးထားသည်။

စပိန်တွင် ကူးစက်ခံရသူ ၁၄၆,၆၉၀ ရှိခဲ့သည့်အနက် ၁၄,၅၅၅ ဦး သေဆုံးကြောင်း ကြေညာထားသည်။

အီတလီတွင် ကူးစက်ခံရမှု ၁၃၉,၄၂၂ အနက် ၁၇,၆၆၉ ဦး သေဆုံးထားသည်။

ဥရောပသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးတိုက်ဖြစ်ပြီး ကူးစက်မှု ၇၇၂,၅၉၂ အနက် သေဆုံးသူ ၆၁,၁၁၈ ရှိထားသည်။

 


READ NEXT
Cancel OK